Tamoxifen ဆေး

- ကျမက အသက် ၄၁နှစ် ရင်သားကင်ဆာ ကုသပြီး tamoxifen သောက်တာ  ၅လနီးပါးရှိပါပြီ။ ဆေးစသောက်တည်းက ရာသီမလာဘဲ ၄လ ကျော်လောက်မှာ ရာသီလာပါတယ်။ ကျမသိထားတာ ဆေးက လုံးဝ ရာသီမလာဘဲ သွေးဆုံးသွားတတ်တယ်လို့ သိထားလို့ပါ၊ ရာသီလာလေ့ ရှိပါသလား သို့ ရောဂါတခုခုကြောင့် သွေးဆင်းတာလားဆရာ။
Tamoxifen Effects on periods ဆေးနှင့်ရာသီလာခြင်း
ပုံမှန်လာနေတဲ့ လစဉ်ရာသီ ပြောင်းမယ်။ တချို့ နည်းလာမယ်။ တချို့ ရက်-လ မမှန်။ တချို့ မလာတော့။ သွေးဆုံးသလိုဖြစ်တယ်။ ဆေးရပ်လိုက်ရင် ပုံမှန်ဖြစ်နိုင်သူတွေလည်း ရှိတယ်။
လစဉ်ရာသီ မမှန်တာဟာ တခြားရောဂါတခုခုကြောင့် ဟုတ် မဟုတ်ကိုတော့ စမ်းသပ် စစ်ဆေးမှသာ သိပါမယ်။
- ရင်းသားကင်ဆာ ၅နှစ်ဆေးစျေးကလဲတလနဲ့တလ ဟူးမောလိုက်တာဆေးဖိုးတွေနဲ့ (စာရေးတာ သတ်ပုံမှန်။ ကွန်ဂရက်ကျူလေးရှင်း။ ဆေးဈေးတက်လို့ ဆောရီး)
- ၅ နှစ်ဆေးသောက်ရင်ဘာတွေခံစားရလဲ ဆေးသောက်ပြီးလက်တွေ ထုဲကျင်(ထုံကျဉ်)နေလိုပါ
- ငါးနှစ်ဆေးသောက်တာ အထိုင်အထနှေးနေတယ် လက်မောင်းပုခုံးတွေနာတယ် လက်ထရိုစ်သောက်တာ
- ဖြစ်တာပေါ့ ခုထိခြေလက်တွေထုံကျင်(ထုံကျဉ်)နေသလို လက်မောင်းပခုံးအရိုးတွေနာတယ်
- ကီမိုကြောင့်လား။ letroz သောက်တာ ၄နှစ်ရှိဘီ(ပြီ)။ အရိုးအကျောနာ။ ထုံတော့မထုံ
- tamoxifen ဆေးက ရင်သားကင်ဆာ ကြိုကာကွယ်အနေနဲ့ ကြိုသောက်လို့ရပါသလားဆရာ (Tamoxifen ဆေးဟာ ကာကွယ်ဆေးမဟုတ်ပါ။ ကင်ဆာနဲ့ လူနာရွေးပေးရတဲ့ ကုသဆေးဖြစ်ပါတယ်။)
- ရင်သားကင်ဆာပါ ကုသမှု့ (ကုသမှု) ၅နှစ်ကျော်ပါပြီ အောက်ကဗူးကို သောက်လာတာ ခုသူကဆေးကြီးလို့ ဆိုင်က ဒီဆေးလည်းအတူတူဘဲပြောလို့ပါ စီနီယာများ နားလည်သူများ ဖြေပေးပါနော်ကျေးဇူးပါ 
၁၉၉၈ ကတည်းက hormone-receptor-positive breast cancer လူနာ သန်းများစွာကို ပေးထားပြီးဖြစ်တယ်။ Tamoxifen ဆေးသုံးနေတာ အတော်ကြာပြီ။ အသုံးလည်း အလွန်များတယ်။ selective estrogen receptor modulator (SERM) အမျိုးအစားဆေးဖြစ်တယ်။ စောစောသိတဲ့ hormone-receptor-positive အမျိုးအစားရင်သားကင်ဆာကို ခွဲစိတ်အပြီး၊ တချို့ ခီမိုနဲ့ ဓါတ်ကင်အပြီးပေးတယ်။ ပြန်မပေါ်အောင်တားပေးမယ်။ နောက်ကျမှသိတဲ့ hormone-receptor-positive ကိုလည်း ပေးတာရှိတယ်။ hormone-receptor-negative breast cancer ကို မပေးပါ။ ဆေး ၂ မျိုးလာတယ်။ Nolvadex စားဆေးနဲ့ Soltamox ဆေးရည်။ တနေ့ တကြိမ်၊ အချိန်မှန်သောက်ရမယ်။ ကိုယ်ဝန်ရှိစဉ်နဲ့ ကလေးနို့တိုက်စဉ်မှာ မသောက်ရပါ။
Aromatase inhibitor ဆေးက သွေးဆုံးပြီးလူနာတွေအတွက် ပဌမဆုံးဆေးဖြစ်တယ်။
• Tamoxifen ဆေးကိုလည်း သွေးဆုံးပြီးလူနာတွေပေးတယ်။
• သွေးဆုံးပြီးလူနာတွေ ကင်ဆာပြန်ဖြစ်မှာကို ၄၀% ကနေ ၅၀% အထိ နည်းစေတယ်။
• သွေးမဆုံးသေးသူတွေ ကင်ဆာပြန်ဖြစ်မှာကို ၃၀% ကနေ ၅၀% သက်သာစေတယ်။
• ရင်သားတခြားတဖက်ကမှာ ကင်ဆာဖြစ်မှာကိုလည်း ၅၀% ကာကွယ်တယ်။
• မခွဲစိတ်မီမှာ ကင်ဆာအရွယ်အစား သေးစေနိုင်တယ်။
• ကင်ဆာပြန့်မှာကိုလည်း နှေးစေ သို့မဟုတ် ရပ်စေနိုင်တယ်။
ဆေးသောက်နေစဉ် မသင့်တဲ့ တခြားဆေးတွေ
• Bupropion Wellbutrin
• Fluoxetine Prozac
• Paroxetine Paxil
• Quinidine Cardioquin
• Thioridazine Mellaril
• Perphenazine Trilafon
• Pimozide Orap
• Clomipramine Anafranil
• Ticlopidine Ticlid
• Terbinafine Kanusuk
• Cinacalcet Sensipar
• Moderate Inhibitors
• Duloxetine Cymbalta
• Sertraline Zoloft
• Diphenhydramine Benadryl
• Amiodarone Cordarone
• Trazodone Desyrel
• Cimetidine Tagamet
• Chlorpromazine Thorazine
• SSRIs and SNRIs That Are Not Inhibitors
• Generic Names Brand Names
• Venlavaxine Effexor
• Citalopram Celexa
• Escitalopram Lexapro
Tamoxifen ဆေးရဲ့ ဘေးထွက်သက်ရောက်မှုတွေ
(က) အများဆုံးဖြစ်တဲ့ ဘေးထွက်သက်ရောက်မှုများ
• အရိုးနာ၊ ကင်ဆာနေရာနာ
• မျက်နှာနီမြန်း
• ပျို့
• အားနည်း
• စိတ်မူပြောင်း
• စိတ်ကျ
• ခေါင်းကိုက်
• ဆံပင်ပါး
• ဝမ်းချုပ်
• အရေပြားခြောက်
• လိင်စိတ်နည်း။
(ခ) တချို့သာဖြစ်တဲ့ ဘေးထွက်သက်ရောက်မှုများ
• မွေးလမ်းက ပုံမှန်မဟုတ် သွေးဆင်းခြင်း
• တင်ပါးဆုံးနေရာနာခြင်း
• ခြေထောက်ရောင် သို့မဟုတ် ညောင်း
• ရင်ဘတ်နာ
• အသက်ရှူမဝ
• မျက်နှာ၊ လက်၊ ခြေထောက် အားနည်း
• စကားပြောရခက်၊ နားလည်ရခက်
• မျက်စိကြည့်မကောင်း
• ခေါင်းမူး
• ခေါင်းကိုက်
ဘယ်လောက်ကြာ ဆေးသောက်မလဲ
• သွေးမဆုံးခင် ရင်သားကင်ဆာ စသိသူများ ၅ နှစ်။ 
• ထို့နောက် ၅ နှစ်ထပ်သောက်ရန် လို မလိုကို သွေးဆုံး မဆုံးကိုကြည့်ပြီး tamoxifen ကို ၅ နှစ်ပေးမလား aromatase inhibitor ကို ၅ နှစ်ပေးမလား ဆုံးဖြတ်မယ်။
(က) သွေးမဆုံးသေးသူတွေ tamoxifen ဆေး နောက်ထပ် ၅ နှစ်။
အခုမှ ရင်သားကင်ဆာစသိသူတွေအတွက် ရွေးစရာလမ်းတွေ အမျိုးမျိုးရှိတယ်။
• tamoxifen ၁၀ နှစ်။
• aromatase inhibitor ၅ နှစ်သာ။
• tamoxifen ၅ နှစ်သောက်ပြီးနောက် aromatase inhibitor ၅ နှစ်ထပ်သောက်။ (စုစုပေါင်း ၁၀ နှစ်)
• tamoxifen ၂-၃ နှစ်။ ထို့နောက် aromatase inhibitor ၅ နှစ်။ (စုစုပေါင်း ၇-၈ နှစ်)
(ခ) postmenopausal women သွေးဆုံးပြီးသူတွေ
• aromatase inhibitor ၅ နှစ်ပြီးနောက် tamoxifen ၅ နှစ်ဆက်သောက်။
• tamoxifen စသောက်ပြီးနောက် aromatase inhibitor ပြောင်းသောက် (စုစုပေါင်း ၇-၈ နှစ်)။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ