Tuberculin test ကြူဘာကူလင် တက်စ်

၁။ ကျမ အသက် ၃၂နှစ်။ အိမ်ထောင်ရှိ ကလေး အသက် ၂ နှစ် ၉လ ရန်ကုန်မှာနေပါတယ်။ Chest X-ray မှာ ပေါ်နေပေမယ့် အရေပြားပေါ်စစ်လို့ မပေါ်ရင် TB လို့သတ်မှတ်လို့ ရနိုင် မရနိုင် သိလိုပါတယ်ဆရာ။ tuberculin skin test ကို positive, negative ဘယ်လိုပြလဲ ဗဟုသုတအနေနဲ့ သိချင်ပါတယ်ဆရာ။

၂။ သမီး အသက်က ၂၄ နှစ်ပါ။ ပေါင်ချိန် ၁၂ဝ ကျော်လောက်ကနေ ၁၄ ပေါင်လောက်ကျသွားပါတယ်။ ချောင်းလဲ မဆိုးပါဘူး။ ဆေးခန်းသွားတော့ ဓာတ်မှန်ရိုက်ခိုင်တော့လဲ ကောင်းတယ်လို့ပြောပါတယ်။ အရေပြားပေါ်မှာ ဆေးရည်ထိုးစစ်တဲ့ tuberculosis နဲ့ စစ်တာတော့ Positve ပြပါတယ်။ tuberculosis ရဲ့ အဖြေက တီဘီဖြစ်တယ်လို့ တိတိကျကျ ပြောနိုင်ပါသလားဆရာ။ တီဘီကို တခြားနည်းတွေနဲ့ ဘယ်လိုစစ်လို့ရပါသေးလဲရှင်။ သမီးဝမ်းတော့ ပျက်ပါတယ်ဆရာ။ အချွဲသွားပါတယ်။ ဝမ်းကိုက်တာလဲ မဖြစ်ပါဘူးဆရာ။ ကူးစက်ရောဂါ တွေလဲ အကုန်စစ်ထားပါတယ်။ အဖြေ အကုန်ကောင်းပါတယ်။ ဘာဆက်လုပ်ရမလဲဆရာ။

TB တီဘီရောဂါရှိ-မရှိစမ်းသပ်နည်းတွေထဲမှာ (၁) Chest X-ray ရင်ပတ်ဓါတ်မှန်ရိုက်တာ၊ (၂) Sputum for AFB သလိပ်စစ်တာနဲ့ (၃) Tuberculin test လက်ဖျံမှာ ဆေးထိုးပြီး စမ်းတာတွေ လုပ်တယ်။

လက်ဖျံမှာ ဆေးထိုးပြီးစမ်းနည်းကို အမျိုးမျိုးခေါ်တယ်။ Mantoux test or Mendel-Mantoux test, Tuberculin skin test, Pirquet test, Purified protein derivative (PPD) လို့လည်းခေါ်သေးတယ်။ လူအများစုကို ဆန်ကာတင် စစ်ဆေးနည်းတခု ဖြစ်တယ်။ အရင်က Tine test ကိုသုံးခဲ့တယ်။ Heaf test နည်းကို ၂ဝဝ၅ ခုနှစ်က စသုံးလာတယ်။

TB protein antigens နည်းနည်းလေးနဲ့စမ်းတယ်။ တီဘီပိုးနဲ့တွေ့ဘူးထားသူဖြစ်ရင် ၂ ရက်အတွက် အနီရောင်အဖုလေး တုန့်ပြန်မှုတွေ့လာရမယ်။ ဘယ်လောက်ကြာကတည်းက တီဘီပိုးနဲ့တွေ့ထားလဲတော့ မပြောနိုင်ပါ။ လက်ဖျံအရေပြားမှာ ဆေးထိုးပေးမယ်။ အဖုလေးထင်လာတယ်။ စက်ဝိုင်းနဲ့မှတ်ထားမယ်။ နောက် ၂-၃ ရက်မှာပြန်ခေါ်စစ်ဆေးမယ်။ တပတ်ကြာအထိထင်ရှားနေမယ်။ နီနေရုံနဲ့ တီဘီပိုးနဲ့တွေ့ထားသူမဟုတ်။ နီပြီး ဖုနေမယ်ဆိုရင် + ဖြစ်တယ်။

အုပ်စု (၃) ခုခွဲတယ်။

၁။ High-risk group အန္တရာယ်များအုပ်စု

HIV ရှိနေသူ။ တီဘီရှိသူနဲ့ အတူနေရသူ။

၂။ Moderate-risk group အသင့်အတင့် အန္တရာယ်များအုပ်စု

တီဘီပေါများတဲ့အရပ်ဒေသကိုခရီးသွားခဲ့သူတွေ။ မူးယစ်ဆေးထိုးနေသူတွေ။ ဆေးရုံဆေးခန်းတွေမှာ အလုပ်လုပ်နေရသူတွေ။ အသက် ၁၈ နှစ်အထိကလေးတွေ။ ကိုယ်အလေးချိန်နည်းသူတွေ။ ကျောက်ကပ်၊ ဆီးချို၊ လူကီးမီးယား၊ ကင်ဆာရောဂါရှိသူတွေ။

၃။ Low-risk group အန္တရာယ်နည်းအုပ်စု

တီဘီအလားအလာအခြားစာရင်းမှာပါသူတွေ။

အန္တရာယ်များအုပ်စုထဲက A firm bump 5 mm (0.2 in.) အထိရှိသူတွေ + ဖြစ်တယ်။

အသင့်အတင့် အန္တရာယ်များအုပ်စုထဲက A firm bump that is 10 mm (0.4 in.) အထိရှိသူတွေ + ဖြစ်တယ်။

အန္တရာယ်နည်းအုပ်စု A firm bump that is 15 mm (0.6 in.) အထိရှိသူတွေ + ဖြစ်တယ်။

ကြူဘာကူလင်တက်စ် အဖြေဖတ်တဲ့အခါ False positive မှားပြီး အပေါင်းပြတာရှိနိုင်ပါတယ်။ Non-tuberculous mycobacteria တီဘီပိုးမဟုတ်ဘဲ ဆင်တူတဲ့ပိုးအဝင်ခံရတာ၊ BCG vaccine တီဘီ ကာကွယ်ဆေးထိုးထားရင် (နှစ်အတော်ကြာအထိ)၊ ဆေးစမ်းဘို့ထိုးတဲ့နေရာကို ယားလို့ကုပ်မိရင်၊ Allergic reaction စမ်းတဲ့ဆေးနဲ့မတည့်ရင် မှားပြီး အပေါင်းပြနိုင်တယ်။

Corticosteroids ကော်တီကိုစတီရွိုက်ဆေးပေးထားသူတွေ ခုခံအားကိုနှိမ်ထားလို့ အဖြေမမှန်တတ်ပါ။ HIV နဲ့ ကင်ဆာရှိသူတွေမှာလည်း အဖြေမမှန်တတ်ပါ။ တခြားကာကွယ်ဆေးတွေထိုးတာတာ ၆ ပတ်အတွင်းဖြစ်နေရင်လည်း အဖြေမမှန်တတ်ပါ။ TB တီဘီပိုးနဲ့အလားတူပိုးဝင်နေသူမှာလည်း + ပြမယ်။ မစမ်းမီ လတ်တလောပိုးဝင်ထားသူတွေမှာ - ပြနိုင်တယ်။ ပိုးဝင်ပြီး ခုခံအားစနစ်အလုပ်လုပ်တာ ၂ ပတ်ကနေ ၁ဝ ပတ်အထိ ကြာတတ်လို့ ဖြစ်တယ်။ အသက် ၃ နှစ်အောက် ကလေးတွေမှာ ခုခံအားစနစ်မဖွံ့ဖြိုးသေးလို့ - ပြနိုင်တယ်။

Tuberculin skin test + ဖြစ်တိုင်းတော့ Contagious (active) infection ကူးစက်နိုင်သူ၊ လောလောလတ်လတ် ဖြစ်နေသူလို့ တန်းမပြောသေးပါ။ Latent TB ခေါ် ငုပ်နေတာလာလည်း မပြောနိုင်ပါ။ Chest X-ray ရင်ပတ်ဓါတ်မှန်နဲ့ Sputum culture သလိပ်စစ်တာ တခုခု သို့မဟုတ် နှစ်ခုလုံးလုပ်ပါမယ်။

ဒေါက်တာတင့်ဆွေ

၂၈-၉-၂ဝ၁၃

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ