Chicken flavored broth and health risks ကြက်သားမှုန့် နဲ့ ကျန်းမာရေး


အခုက ဒီမှာ ကြက်သားမှုန့် ခေတ်ထနေတာဆရာရေ၊ ကြုံကြိုက်ရင် ရေးပေးပါအုန်းဆရာ။

ကြက်သားမှုန့်ကို နာမည်အမျိုးမျိုးနဲ့လာတယ်။ Chicken flavored broth powder, Chicken Broth စတာတွေရှိတယ်။ အရောင်းကုမ္ပဏီတွေကတော့ စီးပွါးရေးသဘောအရ အကောင်းချည်းရေးထားပါတယ်။ ကျန်းမာရေးဘက်ကနေ အပြစ်ရှာကြည့်ပါတယ်။

ကြက်သားမှုန့်မှာ No MSG, 100% Natural လို့ဆိုထားပါတယ်။ ထောက်ပြတာတခုကတော့ Chicken Broth: No MSG Labels Are False ကြက်သားမှုန့် - ဟင်းချိုမှုန့်မပါဆိုတာ မှားပါတယ်တဲ့။ ကြက်သားမှုန့်က ပိုကောင်းတယ်။ ဟင်းချိုမှုန့်မပါ ဆိုတဲ့သဘောက ဟင်းချိုမှုန့်မကောင်းတာကို စီးပွါးရေးသမား အချင်ချင်း (ဘူဘူချင်း) ကျောတဲ့သဘောဖြစ်နေတယ်။ 

ဟင်းချိုမှုန့်ထဲမှာပါတဲ့ MSG ဆိုတာ Neurotoxin အာရုံကြောအဆိပ်ဖြစ်တယ်လို့ ကြက်သားမှုန့်ဆန့်ကျင်ရေးသမားက ဆိုပါတယ်။ ဦးနှောက်ထဲမှာရှိတဲ့ (ဟိုက်ပိုသဲလမတ်စ်) မှာရှိတဲ့ (နူရုမ်း) တွေကို ပျက်စီးစေတယ်လို့ ထောက်ပြထားတာ ဖတ်ရပါတယ်။ MSG ကို ကြွက်တွေကိုကြွေးတော ဝလာတယ်၊ လူတွေမှာ ခေါင်းကိုက်တာနဲ့ (မိုက်ဂရင်း) ဖြစ်စေတယ်။

Yeast Extract တဆေးကထုတ်လုပ်သည်လို့လဲ ကြော်ညာပါသေးတယ်။ အမှန်က တဆေးဆိုတာ မုန့်ဖုတ်ရာမှာသာ ကောင်းတာပါ။ အိမ်မှာတင် ကြက်သားကို အဲလိုလုပ်ရင် တဆေးသွားမထည့်ပါလေနဲ့။ လူရီစရာဖြစ်ပါမယ်။

Organic Spices လို့လဲကြော်ညာပြန်ပါသေးတယ်။ ထုတ်လုပ်သူတွေက Spice mix ထဲမှာ MSG 50% ထက်နည်းပါရင် မပါဘူးလို့ရေးနိုင်တယ်။ 

ချုပ်ပြောရရင် ကြက်သားမှုန့်ဆိုတာလဲ ဟင်းချိုမှုန့်သာဖြစ်ပါတယ်။ အကောင်း-အဆိုး ဆတူလောက် ရှိပါမယ်။ သုတေသန နည်းပါသေးတယ်။ Ajinomoto ဟင်းချိုမှုန့်ကိုဖတ်နိုင်ပါတယ်။

မြန်မာပြည်မှာက အမည်ပေးကောင်းတယ်။ အထဲမှာပါတာအတူကို အမည်သစ်ပေးတော့ မတူဘူးထင်ကြတယ်။ ဆရာဝန်တွေကပြောကြတော့ အမည်သစ်ထပ်ပေးတော့ ဝယ်ကြပြန်ရော။ MSG ကနေ ကင်ဆာ မဖြစ်ပါ။ ဆိုဒီယမ်ပါတာကိုသာ သတိထားရမယ်။ သွေးတိုးနဲ့ ကိုယ်ရောင်သူတွေ မသင့်ပါ။

MSG ထည့်တဲ့အစားအသောက်တိုင်းက အရသာအတူတူသာရမယ်။ ကျွန်တော်ကတော့ အရသာကို ချို-ချဉ်-စပ်-ငန်-ဖန်-ခါး ပြောင်းစားချင်တယ်။

ဒေါက်တာတင့်ဆွေ

၁၂-၁၂-၂၀၁၄

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ