Long walking and health ခရီးရှည်လမ်းလျှောက်သူတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးအခြေအနေများ

(၂၀၁၅ ခုနှစ်က ရေးထားတာ။ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်လို့ရပါတယ်။)

ဆေးစာတွေထဲမှာတော့ လမ်းလျှောက်ခြင်းအကျိုး အမျိုးမျိုးသာ ရှိတယ်။ မြန်မာပြည်က လူနာတွေအတွက်သာ ဒီစာကို ရေးရပါတယ်။

ဖြစ်နိုင်တာတွေ -

1. Angle sprain ခြေပွတ်တိုင်လည်ခြင်း၊

2. Blister အပူဖူးပေါက်ခြင်း၊

3. Cramps ကြွက်တက်ခြင်း၊

4. Dehydration ရေ + ဆားဓါတ်ခမ်းခြောက်ခြင်း၊

5. Fainting ရုတ်တရက် မူးဝေမေ့လဲခြင်း၊

6. Foreign body ဆူး၊ သံချွန်၊ မှန်ကွဲစူးခြင်း၊

7. Hypoglycemia သကြားဓါတ်ခမ်းခြောက်ခြင်း၊

8. Joint pain အဆစ်နာခြင်း၊

9. Muscle Pain ကြွကာ်သားနာခြင်း၊

10. Swelling ခြေထောက်ရောင်ခြင်း၊

ဖြစ်လာရင် ဘာလုပ်မလဲ -

• နေပူရင် အပူဒဏ်တွေခံရနိုင်တယ်။ မိုးရွာရင် မိုးကြောင့်ဖြစ်လာမှာတွေ ရှိတယ်။ ဆောင်းရာသီမှာ အအေးဒဏ် ခံရမယ်။ အဝတ်အစားကို ရာသီရာတုနဲ့ သင့်တင့်မျှတတာကို ဝတ်ဆင်ပါ။

• အနာအကိုက်သက်သာဆေးတွေဆာင်ထားပါ။ ဥပမ Paracetamol, Ibuprofen ဆေးပြား။ ဒီဆေးမျိုးကို အစာတခုခုနဲ့သောက်ပါ။ တနေ့မှာ ၂-၃-၄ ကြိမ်အထိသောက်နိုင်တယ်။

• ကြွက်တက်တာမဖြစ်ရအောင် ကယ်လ်စီယမ်ဆေးပြား တနေ့တပြားသောက်ပါ။ လိုအပ်ရင် ကယ်လ်စီယမ် ထိုးဆေးထိုးပါ။

• ORS ဓါတ်ဆားရည်သောက်ပါ။ ရေသောက်မနည်းပါစေနဲ့။

• အစားအသောက်ကို ဆန်းပြားတာတွေ မစားပါနဲ့။ အစာအဝလွန်အောင်မစားပါနဲ့။

• ခြေထောက်ရောင်တာ သက်သာအောင် နားနေချိန်မှာ ခြေထောက်ကိုမြှင့်ထားပေးပါ။

• ခြေထောက်မှာ အပူဖူးပေါက်ရင် ရှေးဦးသူနာပြုလုပ်ပေးပါ။ ပိုးသန့်ဆေးရည်လိမ်းပါ။ ပိတ်တီးစည်းပေးပါ။ ATT မေးခိုင်ကာကွယ်ဆေးထိုးထားပါ။ အပူဖူးကို ဖေါက်မပြစ်ပါနဲ့။ ပေါက်သွားရင် ဆေးထည့်ပါ။

• သကြားဓါတ်နည်းရင် သကြားရည်တိုက်ပါ။ သကြားပါသွားရည်စာစားစေပါ။

• ရုတ်တရက်မူးလဲတာဖြစ်ရင် ကြမ်းပေါ် (လမ်းပေါ်) မှာ လှဲချပါ။ လေသန့်ရစေပါ။ အားပေးပါ။ သတိရ-မရ စစ်ဆေးပါ။ သတိမရတာ မကြာပါ။ သတိကောင်းလာရင် ဓါတ်ဆားရေ၊ အချိုရည်တိုက်ပါ။ သက်သာလာရင် လှဲနေရာကနေ ထိုင်၊ ထိုင်ရာကနေ ရပ်၊ နောက်မှ တဆင့်ခြင်း လမ်းလျှောက်စေပါ။

• CPR ခေါ် အသက်ရှူတာ + နှလုံးခုန်တာပြန်လည်ပြုစုနည်း လိုသူကိုလုပ်ပေးပါ။

• ဆီး-ဝမ်းသွားချိန်ပါစေ။ စားချိန်-နားချိန်-အိပ်ချိန် မှန်ပါစေ။ စိတ်ဓါတ်ခွန်အား မွေးပါလေ။

Deep vein thrombosis သွေးပြန်ကြောပိတ်ခြင်း

အသက်ကြီးသူတွေမှာသာ အဖြစ်များတယ်။ ဒီရောဂါမဖြစ်အောင် အကြာကြီးမရပ်ရသလို၊ အ်ိပ်ရာထဲမှာလဲ ရက်အကြာကြီး လှဲမနေရဘူး။ အိပ်ရာက မထနိုင်သူများ ခြေထောက်တွေ လေ့ကျင့်ခန်းလုပ်ပေးရတယ်။ ဝလွန်းရင်လဲ ဒီရောဂါ ဖြစ်နိုင်တယ်။ တောင်ပေါ်အမြင့်မှာ နေရ၊ သွားရရင် သတိထားရတယ်။ လူက ဖက်တီး၊ အသက်ကလည်းကြီးရင် ခရီးမထွက်နဲ့။ ရေ-အရည် အများကြီးသောက်ပါ။ အရည်ထဲမှာ အရက်နဲ့ ကော်ဖီများတာ မပါဘူး။ အဝတ်အစားကို ကြပ်နေတာမျိုး မဝတ်ရဘူး။

Fainting မူးမေ့ခြင်း

လူကောင်းပကတိကနေ ရုတ်တရက်မူးပြီး သတိမေ့တာဟာ Shock ပါဘဲ။ (ရှော့ခ်) တွေက အမျိုးအစားများတယ်။ နှလုံးနဲ့ သွေးကြောတွေက လိုသလောက်အလုပ်မလုပ်နိုင်တာကနေဖြစ်တယ်။ လူ့ကိုယ်က အရေးပါတဲ့အင်္ဂါတွေတွက် မရှိမဖြစ်တဲ့ အောက်စီဂျင် မလုံလောက်လို့ ဖြစ်လာစေတယ်။ အသက်ဆုံးပါးတဲ့အထိ ဖြစ်နိုင်တယ်။

စိုးရိမ်စိတ်တွေဖြစ်လာ၊ ဂနာမငြိမ်ဖြစ်လာ၊ မူးလဲမယ်။ ပျို့ချင်-အန်ချင်လာမယ်။ ရေငတ်လာမယ်။ မျက်စိကဝေဝါး၊ သူငယ်အိမ် ကျယ်လာမယ်။ အသက်ရှူတာ တိမ်-မြန်-မမှန်ဖြစ်မယ်၊ အရေပြား အေးလာ၊ ဖြူရော်လာ၊ စိုထိုင်းလာမယ်၊ လက်ကောက်ဝတ် သွေးခုန်တာ မြန်မယ်၊ စမ်းမရဖြစ်မယ်။

• Hypovolemic Shock သွေးထုထည် နည်းလို့ဖြစ်တဲ့ (ရှော့ခ်)၊ ထိခိုက်ဒဏ်ရာရလို့ အတွင်းထဲဖြစ်ဖြစ် အပြင်ကို ဖြစ်ဖြစ် သွေးယိုထွက်တာ၊ မီးလောင်လို့ အရည်တွေ ခမ်းခြောက်တာ၊ အန်လို့-ဝမ်းလျှောလို့ ရေနဲ့ ဓါတ်ဆားတွေ နည်းတာကြောင့် ဖြစ်တယ်။

• Neurogenic Shock အာရုံကြောကြောင့်ဖြစ်တဲ့ (ရှော့ခ်)၊ သွေးကြောတွေ ပုံမှန်မဟုတ် ဖေါင်းလာလို့ သွေးတွေ လိုရာမရောက် ဖြစ်လာမယ်။ (အော်တိုနောမစ်) အာရုံကြောစနစ်ကို သက်ရောက်လို့ ဖြစ်တယ်။ သွေးဖိအား ကျမယ်၊ တခါတလေ နှလုံးခုန် နှေးတတ်တယ်။ ဦးနှောက်ကို သွေးပြန်ရောက်ရင် ပြန်ကောင်းမယ်။ ဦးနှောက် ထိခိုက်တာ၊ ခါးဆစ်ရိုးထဲက အာရုံကြောစနစ် ထိခိုက်တာတွေ ကြောင့်လဲ ဖြစ်တယ်။ အတွင်း အင်္ဂါတွေကို ထိခိုက်လာမယ်။

Psychogenic Shock စိတ်ကြောင့် ဖြစ်တဲ့ (ရှော့ခ်)၊ ကြောက်စိတ်များ၊ အပျော်လွန်၊ ဒေါသကြီး၊ ပူပန်မှုလွန်ကဲရာကနေ ဖြစ်တယ်။ သွေးကြောတွေ ကျယ်လာတယ်။ ဦးနှောက်ကို သွေးအရောက်နည်းတယ်။ သွေးဖိအားကျမယ်၊ အရေပြား အေးစက်နေမယ်။ ချွေးပြန်မယ်။ နှလုံးခုန်မြန်မယ်။ သတိတဝက်တပျက်မရတာနဲ့ လုံးဝသတိမရတာဖြစ်မယ်။

Anaphylactic Shock (အနာဖလက်တစ်-ရှော့ခ်)၊ မတည့်တာနဲ့ ထိတွေ့ရာကနေဖြစ်တယ်။ ယားယံလာမယ်၊ အနီပိန့်တွေထွက်မယ်၊ အသက်ရှူခက်လာမယ်၊ ဆီးသွားချင်-ဝမ်းသွားချင်ဖြစ်လာမယ်။ ပူလောင်လာသလို ခံစားရမယ်၊ အသံပျောက်မယ်။ ဆေး၊ အဆိပ်၊ အင်းဆက်၊ အမှုံအမွှား၊ အစားအသောက်၊ စတာတွေကနေ ဖြစ်စေတယ်။

Shock ဖြစ်ပြီဆိုရင် ရုတ်တရက် ချက်ချင်းဖြစ်တာမို့ ရှေးဦးသူနာပြု လုပ်ဘို့ အလွန့်အလွန် အရေးကြီးပါတယ်။ အသက်ကို ကယ်နိုင်တယ်။ ဆရာဝန်တွေ၊ ဆေးရုံတွေဆီ ရောက်မှဆိုရင် နောက်ကျတတ်တယ်။ ပြုစုမဲ့သူက တည်ငြိမ်ရမယ်။ တတ်ထားရမယ်။

အသက်ရှူလမ်းစစ်ရ၊ ပြင်ရမယ်။ ပိတ်ဆို့နေတာ မရှိစေနဲ့။ လည်ပင်းဆန့်၊ မေးကိုပင့်ပါ။ သွေးယိုတဲ့နေရာကို သွေးမထွက်အောင်လုပ်ပါ။ ဖိထားပေးပါ။ မြှင့်ထားပေးပါ။ ပတ္တီး-ကြိုးနဲ့ စည်းထားပေးပါ။ Artery forceps သွေးကြောညှပ် ရှိရင်-လိုရင် သုံးပါ။ ခြေထောက်ပိုင်းကို ခေါင်းအထက်မှာ မြှင့်ထားပါ။ အန်နေရင် ခေါင်းတဖက် စောင်းထားပါ။ ခေါင်း-လည်ပင်း ကျိုးရင်-ကျိုးတယ် ထင်ရင် ပက်လက်အနေအထားမှာသာ ထားပါ။ အရိုးကျိုးရင် အမာတခုခုနဲ့ ကြပ်စည်းပါ။ ဆွဲမဆန့်ပါနဲ့။ သက်တောင့်သက်သာ နေပါစေ။ အေးနေရင် စောင်စတာနဲ့ နွေးအောင် ခြုံပေးပါ။ စို-အေး နေတာတွေ ဖယ်ရှားပါ။ သဘာဝမဟုတ်တဲ့ အနွေးပေးတာမျိုး မသုံးပါနဲ့။ လူနာကို စိတ်ငြိမ်အောင် အားပေးနှစ်သိမ့်ပါ။ သူ့အနာဒဏ်ရာကို မမြင်စေပါနဲ့။ အန်နေလျှင်၊ အဆိပ်စတာ မသေခြာလျှင် ပါးစပ်က ဘာမှမတိုက်ပါနဲ့။ အာခေါင်ခြောက်-ရေဆာရင် နှုတ်ခမ်းကိုသာ ရေဆွတ်ပေးပါ။ ဆေးပညာတတ်ကျွမ်းသူ အကူအညီခေါ်ပါ။

If the hill will not come to Mahomet, Mahomet will go to the hill (Francis Bacon)

တောင်ကုန်းက မာဟိုမက်ဆီကိုမလာရင်တော့ တောင်ကုန်းဆီကို မာဟိုမက်သွားရမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Herpes labialis နှုတ်ခမ်းရေယုံ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ