ဗေဒင်မေးသလို မေးခြင်း

ဆရာရှင့် အဆုတ်မှာ အကျိတ်တွေ့တိုင်း ကင်ဆာဖြစ်နိုင်လားရှင့်

အကျိတ်ဆိုတာ အရပ်သုံးစကားလုံး။ အမျိုးမျိုးခေါ်ကြတယ်။ အကျိတ်၊ အလုံး၊ အိတ် စသည်။

ခဏခဏ (ခဏခဏ) ဖြေရတယ်။ ၁၂ နာရီအတွင်းမှာ ၂ ခါဖြေတယ်။ ဆေးစစ်ချက်မှာရေးထားတဲ့ မှတ်ချက်စာကိုသာ ဖတ်လိုပါကြောင်း။ ပုံတွေ မလိုပါကြောင်း။

လက္ခဏာကြည့်ခိုင်းသလို၊ ဗေဒင်မေးသလို ဖြေမယ်။ ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူး။

တိုက်ဆိုင်တာတခု ပြောဦးမယ်။ ကနေ့မနက် နိုင်ငံတကာသတင်းတခုမှာ ရှေ့ဖြစ်ဟောပေးတယ်ဆိုတဲ့ ကနေဒါနိုင်ငံသားတယောက် လိင်ရာဇဝတ်မှုနဲ့ အဖမ်းခံရတယ်။ နိုင်ငံတိုင်းမှာ အဖမ်းမခံရသူတွေ အများကြီးရှိမယ်။ အကြံပေးလည်းမရ၊ ပညာပေးလည်း မရသူမျိုးတွေက အတော်များတယ်။ 

မြန်မာပြည်မှာလည်း များနိုင်တယ်။ ကိုဗစ်ဆိုးတုန်းကလည်း ဖေ့စ်ဘွတ်ကဆေးနည်းတွေ လူကြိုက်များခဲ့တယ်။ ရောင်းကောင်းခဲ့တယ်။ အခုဖြစ်လာတာက ကင်ဆာဆို ဖေ့စ်ဘွတ်ကိုသာ မေးနေ ဖြေပေးနေကြတယ်။ 

မကြာခင်မှာ မက်စင်ဂျာကနေ ခီမိုပေးမယ်။ ဇူးမ်ကနေ ဓါတ်ကင်ပေးမယ်။ စကိုက်ကနေ ကာကွယ်ဆေးထိုးပေးမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ