သမြှားနီနဲ့ဘိစပ်ရွက် မှီဝှဲသူ

မေးပါရစေရှင့် ညီမရဲ့ယောက်ခမက အခုဝမ်းသွားနေလို့ပါရှင့် အဆုတ်ကင်ဆာသမားပါရှင့် ဝမ်းသွားတာ နှစ်ရက်ရှိပါပီ(ပါပြီ) တစ်ရက်(တရက်)ကို ၁၀ခါလောက်သွားနေရတာနှစ်ရက်ရှိပီ(ရှိပြီ) လူကတော့ ပျော့မသွားပါဘူးရှင့် ဗိုက်ထဲတော့ဟာတာတာနဲ့ နည်းနည်းမောတယ်တဲ့ရှင့် ပုံမှန် သွားလာနေနိုင်တယ်ရှင့်  သဘော်သီးစားတာ နှစ်လရှိပါပီ(ပါပြီ) အသီးကလဲ ပင်မှည့်ပါ ရွာကထွက်တာပါ သမုန်းဖူးကတော့ တစ်ခါ(တခါ)ဘဲ စားရသေးတယ်ရှင့် ဗမာငရုတ်သီးကလဲ အိမ်အခင်းကထွက်တာပါရှင့် သန့်ရှင်းပါတယ် အရင်နေ့က ငရုတ်သီး  နည်းနည်းစားမိတယ်တဲ့ ဝမ်းသွားတာက အရည်တွေချည်းဘဲသွားတာပါကန်တော့ပါရှင် တစ်ခါတစ်လေ(တခါတလေ) အရည်တွေထောင်ပန်းတယ်တဲ့ရှင့် ညီမက ပရိုဘိုင်အိုတစ်တော့ တစ်ရက် (တရက်) နှစ်ထုတ်(နှစ်ထုပ်) တိုက်ထားပါတယ် မနက်တစ်ထုတ်(တထုပ်) ညနေတစ်ထုတ်(တထုပ်) တိုက်တာပါ နှစ်ရက်ရှိပီ(ရှိပြီ)ရှင့် သမြှားနီနဲ့ဘိစပ်ရွက် မှီဝှဲနေတာ တစ်လ(တလ)ကျော်ပါပီ (ပါပြီ) ဆေးစသွင်းကတည်းကပါ အခု ရောဂါလျော့သွားလို့ဆေးဘဲသောက်ရတော့မယ်ပြောလို့ ဆေးဘဲသောက်နေတာတစ်လ(တလ) ပြည့်တော့မှာပါ ပရိုဘိုင်အိုတစ် တိုက်လိုက်ရင် ဝမ်းကရပ်သွားပါတယ် ဒီနေ့မနက်ကတိုက်ထားရင် ညနေ လောက်မှ ဝမ်းကပြန်သွားတာပါ ညနေကတိုက်ထားရင် နောက်ရက်မနက်လောက်မှပြန်သွားနေတာပါရှင့် အကြံပေးကြပါဦးရှင့် ဆေးခန်းပြရက်က ၆ရက်လောက်ကျန်သေးလို့ပါ ဒီကြားထဲ ဝမ်းဆက်သွားနေရင် ဘာလုပ်ပေးသင့်လဲရှင့် အားကိုးပါတယ်ရှင့်

ဆရာဝန်ကို မေးတာ မဟုတ်ပါ။ သမြှားနီနဲ့ဘိစပ်ရွက် မှီဝှဲသူ ဆရာဝန်သုံးဆေးနည်းလည်း လက်ခံမယ်မထင်လို့ မဖြေတော့ပါ။

 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ