Cancer Book ကျန်းမာရေးအသိ ဆုတ်ယုတ်လာခြင်း
ဦးနှောက်အကျိတ်ကင်ဆာ Grade 3 အသက် ၆၅ နှစ်ဆို ဆေးသွင်း ဓာတ်ကင်တာခံနိုင်ပါ့မလားရှင့်
လူတကာလိုဘဲ ကင်ဆာကိုသိချင်သူက ဆရာဝန်ကို မမေးပါ။ မေးခွန်းက နမူနာ ၁၀၀၀ လောက်ထဲက တခုသာဖြစ်ပါတယ်။
ကုသမှုခံနိုင် မခံနိုင်လည်း ဖေ့စ်ဘွတ်ကိုသာ မေးကြတယ်။ မြန်မာပြည်မှာ။
တစ်တော့ကနေ ကင်ဆာကိုခွဲထုတ်နည်း၊ မက်စင်ဂျာကနေ ဓါတ်ကင်နည်း၊ စကိုက်ကနေ ခီမိုပေးနည်းနဲ့ ဇူးမ်ကနေ ဓါတ်စာတွေ ကျွေးပေးကြတော့မယ်။ အဲဒါလည်း မြန်မာပြည်တခုထဲမှာသာ။
အဲလိုကျန်းမာရေးအသိ ဆုတ်ယုတ်လာတာ ၁-၂ နှစ်သာရှိသေးတယ်။
ဆေးဘယ်မှာရနိုင်သလဲ မေးသင့်။ ဆေးရုံ ဘယ်နေ့ဖွင့်သလဲ မေးသင့်။ ဘယ်လောက်ကုန်ကျသလဲ မေးသင့် ဖြေသင့်။ ဆေးလှူချင်တယ် ရေးသင့် လှူသင့်။။ ကျန်တောတွေကို ကင်ဆာအထူးကုဆရာဝန်ကိုသာ မေးရမယ်။
ဖေ့စ်ဘွတ်ကနေ ဟိုဟာတွေစားပါ ဒီဟာတွေ မစားနဲ့ ရေးကြတာတွေရဲ့ ၇၀% မမှန်ပါ။ ၂၀% က ပိုဆိုးစေနိုင်တာတွေ။ သင့်မှန်တာ ၁၀% လောက်သာတွေ့တယ်။ မြန်မာပြည်မှာ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment