Foods အစားအစာအကြောင်း

ထပ်မံတင်ပြရပါဦးမယ်။

ဆရာ မဂ်လာပါရှင် ကလေးများ ယုန်သားစားလို့ရလားရှင့် အမြဲစားနေကျအစားအစာမဟုတ်တော့ ကျွေးရတာသိပ်မရဲဖြစ်နေလို့ပါ အရပ်ထဲစကားကတော့ ယုန်သားက ကလေးတွေနဲ့တည့်တယ် လို့ပြောကြပါတယ်

ကလေးအသက် ၃နှစ်နှင့် ၈နှစ်ပါရှင့် ဘာတွေအကျိုးကျေးဇူးရှိပြီး Side effects ဘာတွေရှိလဲရှင့်

၁။ လူအများ စားသုံးနေတာတွေ လူတိုင်းနဲ့ သင့်။

၂။ လူတချို့မှာ အစားအသောက်တချို့နဲ့မတည့်တာ ရှိတတ်။ အလာဂျီ ခေါ်တယ်။ စာဆိပ်သင့်တာက တခြား။

၃။ လူတချို့မှာ မွေးကတည်းက နွားနို့ထဲမှာပါတဲ့ လက်တို့စ်ဓါတ်နဲ့ မတည့်။ မိခင်နို့လည်း မတည့်။

၄။ အစားအစာသစ်တခုခုစားစမှာ တချို့မှာ အဆင်မပြေသလို ဖြစ်တတ်။ စားနေကျသွားရင် အဆင်ပြေကြတယ်။

၅။ လူတိုင်းလိုလိုက နေ့တိုင်းလိုလိုစားသောက်နေတာတွေကြောင့် ကင်ဆာ မဖြစ်။

၆။ လူတိုင်းလိုလိုက နေ့တိုင်းလိုလိုစားသောက်နေတာတွေကနေ ကင်ဆာကို မကာကွယ်နိုင်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ