LFT အသည်းအတွက် သွေးစစ်ခြင်း

ရှင်းပြပေးပါဆရာရှင့် ခီမို ၄ကြိမ် Taxol+ Her2 ၂ ကြိမ်သွင်းပြီး အောက်ဆုံးက ၂ ခု ၃ ဆတက်နေတယ် အသဲအားဆေး၂မျိုး သောက်ရမယ်တဲ့ ALT AST ဆိုတာဘာတွေ မြင့်တက်နေတာလဲရှင့်

မေးခွန်းထဲက ဆရာဆိုတာ ကွန်တော် မဟုတ်ပါ။ ကင်ဆာနေရာတခုမှာ တွေ့တာ။ မြန်မာပြည်မှာ ကင်ဆာဆိုရင် ဖေ့စ်ဘွတ်ကိုသာ မေးကြတယ်။ ဖြေတဲ့သူတွေကတည်း အလွန်များတယ်။ ၈၀% လောက်က မမှန်။ အဲဒီထဲက ၄၀% လောက် ပြောင်းပြန်။

အသည်းအတွက် သွေးစစ်တယ်ဆိုတာ သွေးထဲမှာ (အင်ဇိုင်းမ်) ခေါ်တဲ့ (ပရိုတင်း) တွေ ရှိနေတာကို စစ်ရတယ်။ နေကောင်းနေတဲ့အချိန်မှာ ဒါတွေက အသည်းရဲ့ (ဆဲလ်) တွေထဲမှာသာရှိနေကြတယ်။ တခုခု ဖြစ်လာမှသာ အသည်းထဲကနေ သွေးထဲကို ရောက်လာကြတယ်။ အများဆုံးစစ်နည်းဟာ Aminotransferases (အမိုင်နိုထရန်စဖါရေ့စ်) တွေဖြစ်တယ်။ Transaminase လို့လဲခေါ်သေးတယ်။ Glycogen (ဂလိုင်ကိုဂျင်) လို့ခေါ်တဲ့ (အင်နာဂျီ) (မော်လီကျူး) တွေ အသည်းထဲမှာ သိုလှောင်ထားဘို့ရာ ဓါတ်ပြောင်းလဲရေးအတွက် လုပ်ပေးကြတယ်။ အတိအကျဆိုရင် Aminotransferase (AST = SGOT) နဲ့ Alanine aminotransferase (ALT = SGPT) လို့ခေါ်တယ်။

Liver Blood Test အသည်းအတွက် သွေးစစ်ခြင်း https://dr-tint-swe.blogspot.com/2021/08/liver-blood-test.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ