Luke warm Shower ရေနွေးနဲ့ ရေချိုးခြင်း

ရင်သားကင်ဆာ ဖစ်(ဖြစ်)နေတဲ့လူနာက ရေနွေးပူနဲ့ချိုးလို့ရလားရှင့် ၂နစ်လောက်ရှိပါပီ(ပါပြီ)ရှင့် ခွဲပီးပါပီး (ပြီးပါပြီ) သိသောသူများ ဖြေပေးကျ(ကြ)ပါနော်

မကြာခဏတင်ပြထားတဲ့အတိုင်း ကင်ဆာအတွက် ဆရာဝန်ကို မမေးပါ။ ကင်ဆာမေးခွန်းဖြစ်လို့ ဖြစ်ကို ဖစ်လို့သာရေးပါတယ်။ ပါပြီကိုလည်း ပါပီ။

မက်စင်ဂျာ ဖတ်ပါရန်။

ရေနွေးပူကတော့ လူကောင်းတွေချိုးလည်း အပူလောင်နိုင်တယ်။ သတိထားပါလေ။

မြန်မာပြည်မှာတော့ နေရာအနည်းငယ်မှာသာ ရေပူ + ရေးအေးပေးစနစ်ရှိသေးမယ်ထင်ပါတယ်။ ရာသီဥတု အခြေအနေအရ ရေနွးပူးပူနဲ့ သာမန်ရေကို စပ်ချိုးကြတာများမယ်။ လက်တွေ့မှာ ကိုယ့်လက်နဲ့ စမ်းစမ်းပြီး ကိုယ်ခံနိုင်လောက်မဲ့အပူချိန်ရောက်အောင် ရေနွေးပူနဲ့ ရေးအေး စပ်ရမှာသာဖြစ်တယ်။

အပူချိန်တိုင်းစရာကလည်း အသုံးနည်းသေးမယ်။ ရေအပူချိန်ဘယ်လောက်ထားချိုးတာ အသင့်ဆုံးလဲ။

ပျမ်းမျှ 98°F (37°C) ကနေ 101°F (38.3°C) အထိထားသင့်တယ်။

105 °F (41°C) ထက် မပိုစေရ။

အဲဒီအပူချိန်ကို Luke warm လို့ခေါ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ