Medical Report ဆေးစစ်ချက်ပါ စာသားမှတ်ချက်သာ ဖတ်လိုတယ်

ဆရာရှင့် ကျွန်မ အဖေကအသက် ၅၉ နှစ်ပါ ချောင်းဆိုးတာ ၃ ပတ်ဖြစ်နေပီ(ပြီ)မို့ ဆေးခန်းသွားပြပါတယ် ဆီးချိုရောဂါလဲ အခံရှိတာမို့ ကျောက်ကပ် နှလုံး အကုန်စစ်ဆေးပါတယ် အကုန်ကောင်းပါတယ် ဒါပေမယ့် အဲ့အဆုတ်မှာစပေါ့လေးနဲနဲနဲ့ လက်သည်းခွံလောက်ရှိတဲ့အဖြူလေး တခုတွေ့တယ်ပြောလို့ပါ အဲ့တာ ဘာဖြစ်နိုင်လဲဆရာ ကင်ဆာဖြစ်မှာအရမ်းကြောက်လို့ပါ

ဆေးစစ်ချက်ပါ မှတ်ချက်စာကို ဖတ်ရမှသာ ဘာလဲ သိနိုင်။ ပုံမလို။ ရမ်းမဖြေပါ။

အခုမေးခွန်းလိုဘဲ အတော်များများက အကုန်ကောင်းပါတယ်။ ( - ) လေးကတော့လို့ ရေးလေ့ရှိကြတယ်။ တယောက်ပြောတဲ့စကားကို လိုက်အတုယူကြတယ်။ တချို့ကလည်း အကုန်ကောင်းပါတယ်မှာ ရပ်ထားတယ်။ စစ်စစ်ပေါက်ပေါက်မေးတော့မှာ မူမမှန်တဲ့ ဆေးစစ်ချက်ပို့တယ်။ 

ကျန်းမာရေးအကြောင်း ပြောဆို ရေးသားတဲ့အခါ အပိုမပါရ။ မလိုစေရပါ။

ဓာတ်မှန်ပုံပါဆရာ

ဒီအချက်ကိုလည်း မကြာခဏ (မကြာခဏ) တင်ပြရတယ်။

ဆေးစစ်ချက်ပို့ရာမှာ ပုံတွေ မလို (မလို)၊ ဆေးစစ်ချက်အောက်ဆုံးမှာ ရေးထားတဲ့စာကြောင်းသာ လိုတယ်။

ဓါတ်မှန်ဖလင်ပြားကို နောက်ခံအလင်းရောင်မှာထားပြီး လိုအပ်ရင် ဖလင်ပြားကို စောင်းကြည့်ရတတ်တယ်။ ဓါတ်မှန်အထူးကုဆရာဝန်ကို အသိဆုံး။ လူဓါတ်ပုံလို ရပ်ချောတယ်၊ ရုပ်လှတယ်ကြည့်ရတာမျိုး မဟုတ်ပါ။

အာထွာဆောင်းဆိုရင် အစဉ်မပြတ်လှုပ်ရှားနေတာတွေကို ကွန်ပြူတာဆခရင်မှာ ကြည့်ပြီး သင့်တော်မဲ့နေရာမှာ ပုံသေရိုက်ယူတာ။ ပုံသေတခုတည်းကြည့်ပြီး ရောဂါ ရှိတယ် မရှိဘူး ပြောမရပါ။

ဆေးစစ်ချက်ပါ စာသားမှတ်ချက်သာ ဖတ်လိုတယ်။

စာသားသာပါတဲ့ ဆေးစစ်ချက်ကို ဖေ့စ်ဘွတ် ပေ့ချ်က မက်စင်ဂျာကနေ မပို့ပါရန်။ ချဲ့ကြည့်လို့မရပါ။ ပေ့ချ် အတော်ညံ့တယ်။ ရိုးရိုးမက်စင်ဂျာ အဆင်ပြေတယ်။

လူပုံ၊ အနာပုံ၊ လူနာအမည်၊ ဆရာဝန်အမည်တွေ မလိုအပ်ပါ။ 

စာကို သတ်ပုံမမှန်လည်း နားလည်ရင် ဖြေနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ