Menopause (2) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၂)

(ကန်တော့။ အင်္ဂလိပ်စာလုံးလေးတွေပါနေတယ်။ ဆောရီး။)

သွေးမဆုံးခင်ဖြစ်တာတွေဟာ လူ့သဘာဝမှာ ဖြစ်ကိုဖြစ်ရတဲ့ ပြောင်းလဲဖြစ်စဉ် ဖြစ်တယ်။ ရောဂါမဟုတ်ပါ။ ဒါ့ကြောင့် ဆေးကုဘို့ လူတိုင်းတော့ မလိုတတ်ပါ။ လိုသူတွေမှာ ရုပ်ပိုင်းရော စိတ်ပိုင်းမှာပါ လိုအပ်ကြတယ်။ တကယ်သွေးမဆုံးခင် ရာသီဖေါက်ပြန်တယ်။ လမမှန်၊ ရက်မမှန်ဖြစ်တာ များတယ်။ ဘယ်တော့ သွေးဆုံးမလဲကို အကြမ်းပြောရရင် မိခင်နဲ့ အတော်တူတာများပါတယ်။ 

စမ်းသပ်စစ်ဆေးပြီး တခြားသွေးဆင်းစေတဲ့အကြောင်း မရှိတာသေချာမှ ဒီဆေးပေးရတယ်။ ဟော်မုန်းပေးနည်းမှာ အီစထိုဂျင်နဲ့ ပရိုဂျက်စတီရုန်း ၂ မျိုးပေးတာရှိတယ်။ မျက်နှာနီမြန်းတာနဲ့ (ဗဂျိုင်းနား) ခြောက်သွေ့တာအတွက် ကောင်းတယ်။ တာရှည်ပေးလို့တော့ မကောင်းပြန်ဘူး။ နှလုံး (အတက်ခ်) ရတာ၊ (ဆထုပ်ခ်) ဖြစ်တာ၊ ရင်သားကင်ဆာတွေ ပိုဖြစ်စေနိုင်တာ အီစထိုဂျင်ကြောင့် ပိုဖြစ်စေနိုင်တယ်။ 

ကိုယ်ဝန်တားစားဆေး၊ ကပ်ခွါဆေး၊ ဖြန်းဆေးတွေ သုံးနိုင်တယ်။ တားဆေးပေးရတဲ့ ရည်ရွယ်ချက်က ရာသီ မမှန်တာအတွက် ဖြစ်တယ်။ အရေပြားအောက် ထားရတဲ့ဆေးကို တချို့က ပိုကြိုက်တယ် အသည်းကိုမထိခိုက်လို့ပြောတာ ဖြစ်တယ်။ (ဗဂျိုင်းနား) ထဲ ထည့်ရတဲ့ ဆေး၊ ကွင်း၊ (ခရင်မ်)၊ ဆေးပြားတွေ အမျိုးမျိုးရှိတယ်။ Vaginal moisturizing agents ဆိုတာတွေက ဟော်မုန်း မဟုတ်ဘဲ ဗဂျိုင်းနားကို စိုစွပ်မှုရစေအောင် သုံးနိုင်တယ်။ K-Y Silk-E Vaginal Moisturizer or KY Liquibeads တွေဖြစ်တယ်။ ခင်ပွန်းနဲ့ အတူနေဘို့အတွက် အသုံးဝင်တယ်။ အပျိုကြီးတွေအတွက်လဲ အကျိုးရှိတာပါဘဲ။ ဒီနေရာမှာ ခြောက်သွေ့နေရင် မကောင်းဘူး။

(SSRIs) အုပ်စုဝင် Antidepressant စိတ်မကျဆေး သုံးနိုင်တယ်။ ဥပမာ Venlafaxine (Effexor), Fluoxetine (Prozac), Sertraline (Zoloft), Paroxetine (Paxil), Citalopram (Celexa) တွေ ဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးရှိမယ်။ Decreased libido လိင်စိတ်နည်းမယ်၊ Sexual dysfunction လိင်ဆက်ဆံတာမှာ အခက်အခဲ ရှိနိုင်တယ်။

တခြားဆေးတွေလဲ အသုံးကျနိုင်တယ်။ Gabapentin (Neurontin) အတက်သက်သာဆေး၊ Clonidine (Catapres) သွေးကျဆေး။ တချို့က Bioidentical hormone ကိုသုံးတာကို စိတ်ဝင်စားမှု ပိုလာနေတယ်။ ဓါတ်ခွဲခန်းမှာ ပြုပြင်ထားတဲ့ ဟော်မုန်း အတုဖြစ်တယ်။ တရားဝင် အသိအမှတ် မပြုသေးပါ။ Phytoestrogens, Isoflavones အပင်တွေကနေရတဲ့ Plant estrogens တွေပါတာမျိုး သုံးနိုင်တယ်။ Isoflavones ဓါတ်ပေါင်းဟာ Soy ပဲပုပ်မှာ ပါတယ်။ အဆတော့ အင်မတန်နည်းတယ် Estradiol တကယ့် အီစထိုဂျင်ရဲ့ တထောင်ပုံ တပုံ၊ တသိန်းပုံတပုံသာ ပါတယ်။ Chick peas ကုလားပဲ နဲ့ Lentils ပဲနီလေးတွေမှာလဲ ပါတယ်။ Vitamin E ဗီတာမင် အီး ကိုလဲ သုံးနိုင်တယ်။ Himalaya ကနေထုတ်တဲ့ Menosan ဆေးမှာ Herbal ingredients (ဟာဗယ်) ဆေးတွေ ပါတယ်။ ပေါ်ပြူလာဖြစ်နေတဲ့ နောက်တမျိုးကတော့ Mexican yam ကနေထုတ်တဲ့ Tibolone လို့ ခေါ်တယ်။

ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှု

၁။ အကျိုးများစေမဲ့ဆေး

(က) Oestrogens (အီစထိုဂျင်) မ-ဟော်မုန်း၊

စနစ်တကျလေ့လာမှု ၁ ခုမှာ Oestrogens ဆေးပေးတာဟာ Vasomotor symptomss လက္ခဏာတွေကို သိသိသာသာ သက်သာစေတယ်။ စနစ်တကျလေ့လာမှု ၂ ခုမှာ ဆီးလမ်းကြောင်းပိုးဝင်တာကိုလဲ နည်းစေတယ်။ ဆီးလမ်း-မွေးလမ်း လက္ခဏာတွေကို ပိုမိုကောင်းမွန်စေတယ်။ စနစ်တကျလေ့လာမှု ၁ ခုမှာ စိတ်ဓါတ်ကျတာကို သက်သာစေတယ်။ ကွက်ကျား-လေ့လာမှု ၄ ခုမှာ Quality of life လူနေမှုတန်ဘိုး ရေတို ကောင်းမွန်စေတယ်။

(ခ) Progestogens (ပရိုဂျက်စတိုဂျင်) ဟော်မုန်းပေးတာဟာ လက္ခဏာတွေကို သက်သာစေတယ်။ တခြားပိုကောင်းတာ မတွေ့ရဘူး။

(ဂ) Tibolone တီဘိုလုံး ဟော်မုန်းဆေးကို Livial နဲ့ Tibofem နာမည်တွေနဲ့ ရောင်းတယ်။ လက္ခဏာတွေကို သိသိသာသာ သက်သာစေတယ်။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ Oestrogen/Progestogen ပေးတာထက် မညံ့ဘူး။ မွေးလမ်းကြောင်း ခြောက်သွေ့တာကို သက်သာစေရာမှာလဲ သိသာတဲ့ ကွာခြားချက် ၄၈ ပတ်အကြာမှာ မတွေ့ရဘူး။ လိင်ကိစ္စ ကျေနပ်မှုမှာ Oestradiol + Noresthisterone ပေးတာထက် ပိုကောင်းတယ်လို့ မတွေ့ရဘူး။ တခြား ကွက်ကျား-လေ့လာမှု ၁ ခုမှာ လိင်ပိုင်းဆိုင်ရာ ဆန်းပြားမှုနဲ့ နိုးထမှုတွေမှာ ဆေးမပေးသူတွေထက် ၃ လ အကြာမှာ ပိုကောင်းတယ်။ Tibolone 2.5 mg တနေ့ ၁ ပြား။ ကြိုက်တဲ့အချိန်မှာ အချိန်မှန် သောက်သင့်။ အစာနဲ့ နီး-ဝေး ရတယ်။ ဆေးသောက်ဘို့ မေ့တာ ၁၂ နာရီအတွင်းဆို သတိရတာနဲ့သောက်။ ၁၂ နာရီ ကျော်ရင် နောက်နေ့မှသာသောက်။ ဘေးထွက်သက်ရောက်မှု ၁ဝ ယောက် ၁ ယောက်ဖြစ်နိုင်။ ဆီးစပ်အောင့်။ ကိုယ်အလေးချိန်တိုး။ ကိုယ်မွေးပေါက်။ ရင်သားနာ။ ဗဂျိုင်းနား မှိုပိုးဝင်။ သွေးဆင်းခြင်း။

၂။ အကျိုးရှိမယ်လို့ထင်ရတာ

Phyto-Oestrogens ပါတဲ့ Soy protein ပဲပုပ်ပရိုတင်းပေးတာဟာ မပေးသူတွေထက် လက္ခဏာ ခံစားရတာ သက်သာတယ်။ ဒါပေမဲ့ ၆ ပတ်အကြာမှာ လက္ခဏာပေါ်တဲ့ အကြိမ်ရေ အနည်းဘူး။ Phyto-Oestrogens ဆိုတာ လူတွေစားတဲ့ အစားအစာထဲမှာ ပါနေတဲ့ မ-ဟော်မုန်း (အီစထိုဂျင်) ကိုခေါ်တယ်။ သုတေသန တခုအဆိုအရ အစေ့အဆံတွေ၊ အစေ့အဆံတွေကရတဲ့ဆီ၊ ပဲပုပ်၊ ပြောင်း-ပြောင်းနှံ၊ ပေါင်မုံ့၊ ပဲတောင့်ရှည်နဲ့ အသားတွေမှာ ပါတယ်။ ပန်းနှမ်းနဲ့ စေ့အဆံကရတဲ့ဆီတွေဟာ အများဆုံးနဲ့ ပဲပုပ် နဲ့ တို့ဟူးတို့က ဒုတိယ လိုက်တယ်။

၃။ ဘာလို့ ထိရောက်မှုရှိတယ်ဆိုတာ ပြောမရတာ

- Antidepressants စိတ်မကျဆေးတွေ

- Clonidine သွေးတိုးဆေး၊

- Testosterone ကျား-ဟော်မုန်း၊

Menopause (1) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၁) ကိုလဲဖတ်နိုင်ပါတယ်။

Dr. တင့်ဆွေ

၂၀-၁-၂၀၁၇

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ