Personal Data ကွန်မင့်ကနေ မမေးသင့်

ဆရာရှင့် Crochet ချည်ဖြစ်တဲ့ cotton ချည်လေးနဲ့ထိုးထားတဲ့ ခြေအိတ်ဝတ်အိပ်မယ်ဆိုရင် ပိုကောင်းလားရှင့်

မေးခွန်းပါခြေအိတ်ကို ဝတ်လိုသူ ကလေး-လူကြီး-အသက်-ကျား-မ မသိရ။ ဘာရောဂါအခံရှိသလဲ မသိ။ နေရာဒေသရဲ့ ရာသီဥတု မသိ။

တင်ပြထားတဲ့စာထဲမှာလည်း သိလိုတာ ပါရှိ။

ကွန်မင့်ကနေ မမေးသင့်။ ကွန်မင့်ဆိုတာ တင်ထားတဲ့စာကို ကောင်း-ဆိုး၊ ကြိုက်-မကြိုက်သာ ရေးရတယ်။

မေးနည်းကို အကြိမ် တထောင် (တစ်ထောင် မဟုတ်) တင်ပြထားပါတယ်။

ကွန်မင့်ကနေ ကျန်းမာရေးရင် အသက်-ကျား-မ-ရောဂါတွေကို လူတကာ သိမယ်။ မသိသင့်တာတွေပါနိုင်တယ်။

ဆေးစစ်ချက်တွေပို့မေးတဲ့အခါ ဖတ်တဲ့ ဆရာဝန်အတွက် မလိုအပ်လောက်မဲ့ ကိုယ်ပိုင်အချက်အလက်တချို့ကို ဖျက်ကွယ်ထားသင့်တယ်။

ကိုယ့်အတွင်းရေးဆိုတာ လူတိုင်းကို ထုတ်မပြောရပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ