Socks ခြေအိတ်နှင့် ညအိပ်ခြင်း

ဂူဂယ်လ်ရှာဖွေနေရာက မေးခွန်းနဲ့ အဖြေတခုကို တင်ပြပါမယ်။ 

အိပ်ရာထဲမှာ ခြေအိတ်စွပ်လျက်အိပ်ခြင်းသည် အိပ်ပျော်တာ မြန်စေသည်။ အိပ်စက်ချိန်တာရှည်စေနိုင်သည်။ တရေးနှစ်ရေးနိုးတာ နည်းစေနိုင်သည်။

လေ့လာမှုတခုမှာ ခြေအိတ်ဖြင့် အိပ်ကြသည့် အမျိုးသားများသည် ခြေအိတ်မပါဘဲအိပ်သူတွေထက် ၇့၅ မိနစ် ပိုစောပြီး အိပ်ပျော်ကြသည်။ အိပ်ပျော်ချိန် ၃၂ မိနစ်ပိုကြာသည်။ တရေးနိုးခြင်းလည်း ၇့၅ ကြိမ် နည်းကြသည်။

နောက်လေ့လာမှုတခု

ခြေအိတ်စွပ်အိပ်လျှင် နွေးထွေးမှုပိုစေမည်။ အမျိုးသမီးတွေ မျက်နှာနီမြန်းခြင်း နည်းစေသည်။ ခြေဖနောင့်ကွဲအက်တာ နည်းစေသည်။ ချည်သားခြေအိတ်က ပိုကောင်းသည်။

နောက်လေ့လာမှုတခု

တချို့က ခြေထောက်အေးနေလို့ အိပ်မပျော်နိုင်။ ခြေအိတ်ဖြင့် အိပ်ပါလေ။

ခြေအိတ်အမျိုးအစား merino wool or cashmere အမျိုးအစားတွေက အကောင်းဆုံး။ ပိုက်ဆံတော့ ပိုပေးရလိမ့်မယ်။

ခြေအိတ်က တင်းကျပ်မနေပါနေနဲ့။ compression socks အမျိုးအစား ရှောင်ပါလေ။

ယူအက်စ်အေက လေ့လာမှုတွေထဲမှာ မတွေ့တဲ့အချက်လည်း ရှိတယ်။ 

လူတွေ တယောက်နဲ့တယောက် မတူပါ။ တချို့က ခြေအိတ်စွပ်အိပ်ရင် မနက်ကျ မျက်ဝတ်ထွက်မယ်လို့ အယူစွဲနေကြတယ်။ မမှန်ပါ။

တချို့က ခြေအိတ်ဝတ်တဲ့အကျင့် ငယ်ကတည်း မရှိကြပါ။ 

စစ်သားတွေမှာ အကျင့်ဖြစ်နေကြပြီ။ သူတို့က အရွယ်ကောင်းတွေ။ 

အသက်ငယ်သူတွေနဲ့ ကြီးသူတွေက ပိုပြီး သတိထားကြရလိမ့်မယ်။

ရာသီဥတုကိုလည်း ကြည့်ရပါမယ်။

ဆီးချိုရှိသူတွေ အဝတ်အစား ချောင်ချိရမယ်။ အထူးသဖြင့် ခြေထောက်။ ဖိနပ်ကအစ စပယ်ရှယ်။ မြန်မာပြည်မှာက အစားအသောက်ကိုသာ ရှယ်ရှယ်လုပ်နေကြတယ်။ ကျန်းမာရေးအတွက်တော့ စပယ်ရှယ်လုပ်ချင်သူ မရှိ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ