Symptoms of Breast Cancer ရင်သားကင်ဆာလက္ခဏာများ

ရင်သားကင်ဆာဖြစ်ဖူးတဲ့အမ များရှင့်ကျေးဇူးပြုပြီးတချက်လောက်ဖြေပေးကြပါ ရောဂါလက္ခာဏာအစ အဖြစ်များတာသိချင်လို့ပါ ဆေးရုံဆေးခန်းနဲ့လည်းဝေးလို့ပါ ညီမကနို့တိုက်မိခင် ခလေးက ၁၀လပါ ဂျိုင်းအောက်မှာအကျိတ် လုံးပေါက်လာလို့ ၂ရက်လောက်ရှိပါပြီ နာတော့နာတယ်အရမ်းမနာဘူးရှင့် အကျိတ်က အပေါ်ယံအရေခွံပေါ်မှာမဟုတ်ဘူးရှင့် အထဲကိုနိုက်မှ ချိုင်းအောက်မှာတွေ့ရတယ် လောက်စာလုံးလောက် ရှိပါတယ် အပူကျိတ်လား ဘာလားဝေခွဲမရလို့ပါ ကြောက်လို့ပါ

ဆရာဝန်ကို မေးတာ မဟုတ်ပါ။ အမေရိကန် CDC က တင်ထားတာကို ကိုးကားပါမယ်။

1. New lump in the breast or underarm ရင်သားမှာဖြစ်စေ ချိုင်းမှာဖြစ်စေ အကျိတ်သစ် ပေါ်လာခြင်း။

2. Thickening or swelling of part of the breast ရင်သားရဲ့ တနေရာရာမှာ အရေပြားထူလာခြင်း၊ ရောင်လာခြင်း။

3. Irritation or dimpling of breast skin ရင်သားအရေပြား တနေရာရာမှာ အနေရခက်သလိုဖြစ်ခြင်း၊ သို့မဟုတ် လိမ်မော်ခွံလိုဖြစ်လာခြင်း၊

4. Redness or flaky skin in the nipple area or the breast ရင်သား သို့မဟုတ် နို့သီးနေရာမှာ နီရဲလာခြင်း၊ သို့မဟုတ် ခြောက်သွေးလာခြင်း၊

5. Pulling in of the nipple or pain in the nipple area နို့သီးနေရာမှာ ချိုင့်ခွက်လိုဖြစ်လာခြင်း၊ သို့မဟုတ် နာလာခြင်း။

6. Nipple discharge other than breast milk, including blood နို့သီးမှာ သွေးသို့မဟုတ် ရေတခုခုထွက်ခြင်း၊

7. Any change in the size or the shape of the breast ရင်သား၏ ပုံပန်းနှင့် အရွယ်အစားပြောင်းလဲလာခြင်း၊

8. Pain in any area of the breast ရင်သား တနေရာရာမှာ နာခြင်း၊

သတိပြုရန်မှာ ကင်ဆာမဟုတ်တဲ့ရောဂါတချို့ကနေလည်း အထက်ပါလက္ခဏာမျိုး ဖြစ်စေနိုင်တယ်။ တယောက်နဲ့တယောက် မတူတတ်ပါ။ သံသယရှိရင် ဆရာဝန်ပြပါ။

မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး ကင်ဆာကိုသိလိုရင် ဆရာဝန်ကို မမေးကြတော့ပါ။ ဆရာဝန်ညွှန်တဲ့ဆေးနည်းထက် အသီး၊ အပွင့်၊ အရွက်၊ မြက်တွေကိုသာ အားကိုးသူလည်း မနည်းပါ။ အရပ်ဆေးနည်းကနေ ဖေ့စ်ဘွတ်ဆေးနည်းအဖြစ် ပြောင်းလာတယ်။ သူတို့အားကိုး ရောင်းချ ဝေမျှကြတဲ့ အသီး၊ အပွင့်၊ အရွက်၊ မြက်အမည်တွေ မထည့်တော့ပါ။ ဆေးအတုလို့ ပုံတင်တိုင်း ဘယ်မှာဝယ်ရမလဲ။ ဘယ်လောက်ပေးရသလဲ မေးကြတယ်။ ဗမာဆေး မယုံရင် မသောက်နဲ့လို့က ခြိမ်းခြောက်ကြသေးတာ။ ဗမာနာမည် ပျက်ရော။

တချက်လို့ ရေးတာ မှန်။ ကင်ဆာနေရာတွေမှာ စာရေးတာ အမှားဆုံး။ ရသစာတွေ ကူးတင်တဲ့နေရာပြီးရင် ဒုတိယလိုက်တယ်။ ဝီကီပီးဒီယားက တတိယ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ