Armpit Question မမေးသည်ကို ဖြေခြင်း

(ကန်တော့)

ညီမမေးချင်တာလေးရှိလို့ပါရှင် ညီမအသက် ၁၅ နှစ်လောက်ကတည်းက ဂျိုင်းမှာအဆီပြင်ကြီးရှိပါတယ် အခုအသက် ၂၄ နှစ်ရှိပါပြီ အာ့အဆီပြင်ကြီးပျောက်မသွားပါဘူးရှင် ပြောချင်တာက အဆီလား တခြားရောဂါဖြစ်မှာကြောက်လို့ပါ ကင်ဆာလိုမျိုးပေါ့ ငယ်ငယ်ကတော့ဆေးခန်းသွားပြပါတယ် ဘာမှမဖြစ်ပါဘူးပဲပြောတယ် ညီမကသံသယအရမ်းများလို့ပါ ဖြစ်နိုင်ရင်ခွဲထုတ်ပြစ်ချင်ပါတယ် ရိုးရိုးဆေးခန်းပဲသွားပြရမှာလား ဒါမှမဟုတ်ဆေးရုံးကြီးတွေသွားရသလားသိချင်လို့ပါ နာလည်းမနာပါဘူးရှင် ဒီတိုင်းလည်းမမြင်ရပါဘူး ကိုင်ကြည့်မှသိသာတာပါ အကြံလေးပေးကြပါအူးရှင့် အမှားပါသွားရင်တောင်းပန်ပါတယ်ရှင့်

ကင်ဆာကို သိလိုသူတွေ၊ သံသယရှိသူတွေနဲ့ ကုသလိုသူတွေက ဆရာဝန်ကို မမေးကြပါ။ ဆရာဝန်က လိုက်ရှာဖတ်ပြီး ဖြေတယ်။ ဆရာဝန်ဖြေတာကို မဖတ်လိုက ကျော်သွားပါလေ။

မေးခွန်းပါလူနာ (စာရေးမေးသူရဲ့ ညီမ) ကို မေးစရာနဲ့ စမ်းသပ်စရာ လိုတယ်။ အဲဒါတွေပြီးမှ စစ်ဆေးစရာ လိုကောင်း လိုပါမယ်။ ဖြစ်နိုင်ခြေ ၄ ခုရှိတယ်။

၁။ လိုက်ပိုးမား ခေါ် အဆီအိတ်။

၂။ လင့်ဖ် နုတ် ခေါ် တက်စေ့။

၃။ နို့အပို ခေါ် တတိယနို့။ ရာသီဖြစ်စဉ်၊ ကိုယ်ဝန်နဲ့ ကလေးချိုတိုက်ချိန်တွေမှာ ရင်သားအစစ်တွေလို အဲဒီအရာကလဲ လိုက်ပြောင်းလိမ့်မယ်။

၄။ ကင်ဆာ။ မေးခွန်းအရ ကင်ဆာ မဟုတ်ဘို့ များပါတယ်။

အူး လို့ရေးတာ မှားတယ်။ ဦး သို့မဟုတ် အုန်း လို့ ရေးရတယ်။ မြန်မာစာမှာ အူး မရှိပါ။ ခွေးသံကို အူတယ်လို့ ခေါ်တယ်။ ခွေးလည်း မအူးပါ။ ဖေ့စ်ဘွတ်မှာတော့ လူတွေက အူးနေကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ