Azithromycin အဇစ်သရိုမိုင်စင်
Azithromycin ဆေးကို FDA ကနေ B အဆင့်သတ်မှတ်ထားတယ်။ ဆိုလိုတာက အကျိုးက ဘေးထွက်ဆိုးကျိုးထက်ပိုရင် သောက်နိုင်တယ်။ ကလေးအတွက်စိုးရိမ်ရန်မရှိပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာ azithromycin က erythromycin ထက်ပိုစိတ်ချရတယ်။ ကလေးနို့တိုက်ရင် နို့ထဲမှာ ဆေးပါတယ်။ သတိထားသင့်တယ်။
အဇစ်သရိုမိုင်စင်ဆိုတာ ပဋိဇီဝဆေးဖြစ်တယ်။ နားအလည်ပိုင်းရောင်ခြင်း၊ အာသီးရောင်ခြင်း၊ အာခေါင်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ နူမိုးနီးယား၊ ဆိုင်းနူဆိုက်တစ်၊ လိင်ကတဆင့် ကူးစက်တဲ့ ဆီးပြွန်ရောင်ခြင်း၊ သားအိမ်ဝရောင်ခြင်း၊ ခရီးသွားဝမ်းပျက်ခြင်း၊ ကြက်ညှာချောင်းဆိုးရောဂါတွေအတွက် ပေးနိုင်တယ်။ အစာမစားမီ ၁ နာရီ၊ စားပြီး ၂ နာရီ ပေးပါ၊
• ရက်တို နားအလယ်ပိုင်းရောင်ခြင်း၊ လူစုလူဝေးက ရတဲ့ နူမိုးနီးယား၊ အာသီး-အာခေါင်ရောင်ခြင်း၊ အရေပြားအနာများ၊ ဆိုင်းနပ်စ် ရောဂါ။ Chlamydia ကဲလ်မီဒီးယားကြောင့် ဆီးပြွန်အဝ-သားအိမ်အဝ ရောင်ခြင်း၊ = ပဌမနေ့မှာ 500 mg ပေး၊ ဒိနောက် 250 mg တရက်တခါ၊ ၄ ရက်။
• နာတာရှည် လေပြွန်ရောင်၊ လိုင်မ်ရောဂါ၊ လိင်မှတဆင့် ကူးစက်ရောဂါများ၊ နှလုံးအတွင်းသား-အရိုးအဆစ်-အစာခြေလမ်း- သားအိမ်အဝ ရောင်ခြင်း၊ နားပြည်ယိုခြင်း၊ သာမန် တိုက်ဖွိုက်၊ အသက်ရှူလမ်း၊ အရေပြား ပိုးဝင်ခြင်း၊ နူမိုးနီးယား = 250-500 mg Daily (7.5-20 mg/kg) တနေ့တခါသောက်ပါ။
• နာတာရှည် အသက်ရှူလမ်းပိတ် ရောဂါ ပြန်ထခြင်း = 500 mg တရက်ပေး၊ ဒိနောက် 250 mg တရက်တခါ၊ ၄ ရက်။
• ဂနိုရီးယားဆီးပြွန်ရောင်ခြင်း၊ သားအိမ်ဝရောင်ခြင်း = 2 g တခါတည်းပေး။
• လိင်လမ်း ရှန်ကာအနာ၊ ဂနိုရီးယားမဟုတ်တဲ့ ဆီးပြွန်ရောင်ခြင်း၊ သားအိမ်ဝရောင်ခြင်း = 1 g တခါတည်းပေး။
• ဂိုနိုးရီးယားကြောင့် မျက်စိနာခြင်း = 20 mg/kg တခါတည်းပေးပါ။ 1% မျက်စဥ်းခတ်ပါ။
• ရက်တိုဖြစ်တဲ့ တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း = 500 mg IV ကို သွေးပြန်ကြောထဲ ၁ နာရီအတွင်းသွင်းပါ၊ ၁-၂ ရက်။
• လိင်ကတဆင့်ကူးစက်ရောဂါ ကာကွယ်ရန် = 1 g တခါတည်းသောက်ပါ။
• လိင်ကတဆင့်ကူးစက်ရောဂါ ကာကွယ်ရန် = ဆေး ၃ မျိုးတွဲနည်းအရ (Ceftriaxone or Cefixime + Metronidazole + Azithromycin or Doxycycline) ပေးပါ။
အဇစ်သရိုမိုင်စင်ဆေးရည်မှာ 100mg/5mL နဲ့ 200mg/5mL လာတယ်။
• နားအလည်ပိုင်း ရောင်ခြင်း၊ အသက် ၆ လ အထက်ကလေး = 30 mg/kg ၃ ရက်တိုက်။ (သို့) 10 mg/kg ပဌမနေ့ တိုက်ပြီးနောက် 5 mg/kg ၂-၅ ရက်တိုက်ပါ။
• လူစုလူဝေးကနေရတဲ့ နူမိုးနီးယား၊ အသက် ၆ လ အထက်ကလေး = 10 mg/kg ပဌမနေ့တိုက်ပြီးနောက် 5 mg/kg ၂-၅ ရက်တိုက်ပါ။
• ရက်တို ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ ဆိုင်းနူဆိုက်တစ် = 10 mg/kg ဆေးရည် ၃ ရက်။
• အာသီး၊ အာခေါင်ရောင်ခြင်း၊ ၂ နှစ်အထက် = 12 mg/kg ၅ ရက်။ 500 mg/day ထက်မပိုရ။
• Mycobacterium avium complex (MAC) ကာကွယ်ရန်၊ ၆ နှစ်အထက် ကလေး = 20 mg/kg တပါတ်တခါပေးပါ။
လူကြီး ပဌမနေ့မှာ Azithromycin 500 mg နဲ့၊ ဒိနောက် 250 mg တရက်တခါ၊ ၄ ရက်။ ၆ လကနေ ၂ နှစ်ကလေး = 10 mg/kg (maximum: 500 mg/dose) တနေ့ ၁ ကြိမ်၊ ၃ ရက်။
ဘေးထွက်သက်ရောက်မှုများ
ပျို့-အန်၊ အရေပြားနီ၊ ဗိုက်အောင့်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ မူး၊ လေတက်၊ ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေကို သတိဖြင့်ပေးပါ၊ Aluminum နဲ့ Magnesium ပါတဲ့ Antacids လေနာသက်သာဆေးတွေနဲ့ တွဲမသောက်ပါနဲ့။
Dr. တင့်ဆွေ
Comments
Post a Comment