Brown Rice ဆန်လုံးညို

ဆရာရှင့် ကျမရိုသေစွာ စာရေးမေးမြန်းပါရစေရှင့် Brown rice နဲ့white rice မှာ white rice က အများကြီးစားရင် ကြာရင် side effect ဖြစ်တယ်လို့ပြောကြပါတယ်ရှင့် white rice ဆိုတာ ထိုင်းကလာတဲ့ဆန်မွှေးလိုမျိုး ပေါ်ဆန်းမွှေးလိုမျိုးကို ပြောတာပါရှင့် ဟုတ်ပါသလားရှင့် ဘာကြောင့်ပါလဲရှင့်

ကမာ္ဘမှာ စိုက်ပျိုးထုတ်လုပ်သမျှထဲက ဆန်ကို ၇၈%၊ ဂျုံကို ၆၄% နဲ့ ပြောင်းကနေ ၁၄% ကို စားသုံးခဲ့ကြတယ်။ ဆန်ကနေ အင်နာဂျီစုစုပေါင်းရဲ့ ၁၉% နဲ့ ပရိုတင်း ၁၃% ရကြတယ်။

မြန်မာပြည်လို မချမ်းသာသေးတဲ့ တိုင်းပြည်တွေမှာ ဆန်ကိုသာအားထားကြတယ်။ အာရှတိုက်မှာ ၉ဝ% စားသုံးကြတယ်။ သန်း ၅ဝဝ ကျော်တယ်။ အာဖရိတိုက်နဲ့ တောင်အမေရိကတိုက်မှာလည်း ဆန်းစားသူများတယ်။ ဆန်ကနေ ကယ်လိုရီ ၂ဝ% ကျော်ရကြတယ်။

Rice brown 1 cup (195 g) မှာပါတဲ့ အာဟာရဓါတ်များ

Calories 216

Total Fat 1.8 g 2%

Saturated fat 0.4 g 2%

Polyunsaturated fat 0.6 g

Monounsaturated fat 0.6 g

Cholesterol 0 mg 0%

Sodium 10 mg 0%

Potassium 84 mg 2%

Total Carbohydrate 45 g 15%

Dietary fiber 3.5 g 14%

Sugar 0.7 g

Protein 5 g 10%

Vitamin A 0%

Vitamin C 0%

Calcium 2% Iron 4%

Vitamin D 0%

Vitamin B-6 15%

Vitamin B-12 0%

Magnesium 21%

ဆန်လုံးညိုဟာ နှလုံးအတွက်ကောင်းတယ်။ အစာချေကောင်းတယ်။ ကင်ဆာဖြစ်မှာ နည်းစေတယ်။ ဆီးချိုသမားတွေ ဆန်ဖြူထက်တော့ သင့်တ်။ ကိုလက်စထောများသူတွေလည်းသင့်တယ်။ ဂျုံထဲမှာတဲ့ ဂလူတင်နဲ့မတည့်သူတွေ စားနိုင်တယ်။

သုတေသနအရတင်ပြတာဖြစ်ပါတယ်။ ဒါပေမဲ့ လူအများစုဟာ ကိုယ်စားနေကျအစားအသောက်ကိုသာ ခုံမင်ကြတယ်။ စာနေကျကနေ အစာအသစ်ပြောင်းရင် အစပိုင်းမှာ နည်းနည်း အဆင်မပြေဖြစ်တတ်တယ်။ အကျင့်ရသွားရင် အဆင်ပြေမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ