Cancer Hospital ကင်ဆာဆေးရုံ

၁။ သားအိမ်မှာ အသားလုံးရှိပြီး ရာသီက တစ်လ(တစ်လ)ထဲ နှစ်ခါလာသလိုမျိုး ဖြစ်နေပါတယ်။ အဖြူလည်း ဆင်းပြီး နည်းနည်းကိုက်သလိုဖြစ်နေပါတယ်ရှင့်။အဲ့ဒါကင်ဆာဖြစ်မှာစိုးလို့ ဘာစစ်ကြည့်သင့်လဲရှင်။

၂။ သားဥအိမ်ကင်ဆာ အဆင့် ၃ C အဆုတ်ထဲမှာရေတွေ့လို့ ကီမိုဆေး၃ခါသွင်းပီး(ပြီး) မှ CT ရိုက်မှ အဖြေသိရမယ် ပြောပါတယ် အဲ့တာ အဆုတ်ထဲကအရည်တွေက ကင်ဆာဆဲလ် ဖြစ်နိုင်ခြေရှိလား သိတဲ့သူရှိရင်ပြောပြကြပါဦးး ဘာလုပ်ရမလဲ အကောင်းဆုံးဖြစ်အောင်

၃။ ခုရက်ထဲ နေ့တိုင်းလိုလို ခေါင်းမထူနိုင်အောင်ကိုက်ပါတယ် ဆံပင်တွေလဲအရမ်းကျွတ်ပါတယ် ညဘက်တွေလဲ အိပ်မရပါဘူး မျက်လုံးကလည်းမျက်မှန်တပ်ထားတာတောင် သေချာမမြင်ရဘူး သွေးဖြူဥနည်းတဲ့ရောဂါတော့ ရှိပါတယ် brain cancer ဖြစ်နေမှာဆိုးလို့ပါ(စိုးလို့ပါ) ဖြစ်ဖူးတဲ့သူတွေ ပြောပေးကြပါအုံးနော် cancer မျိုးရိုးတော့ မရှိပါဘူး 

၄။ ရင်သားကင်ဆာ သံသယပါ ဆေးမပြတာ ၈လလောက် တော့ရှိပါပြီ ခု ရင်သားနဲ့ နို့သီးခေါင်းထိပ်တွေက ယားလို့ပါ ကုတ်လည်းအရမ်းမကုတ်ရဲလို့ပါ တစ်ခါတစ်ရံ(တခါတရံ) နို့သီးခေါင်းထိပ်က ရှုံတွပြီ ကြမ်းပါတယ်ရှင် ဒီရက် ဆ ီတို့ဘူးနဲ့ ဆိတ်သားလည်း စားမိပါတယ်

ဖေ့စ်ဘွတ်သည် မြန်မာပြည်မှာ ကင်ဆာဆေးရုံအဖြစ် ပြောင်းလာပြီ။

ကင်ဆာဆေး ဘယ်မှာရသလဲ - မေးသင့်၏။ ဖြေသင့်၏။

ကင်ဆာကုသတာ ဘယ်လောက်ုန်ကျသလဲ -  မေးသင့်၏။ ဖြေသင့်၏။

ကင်ဆာဆရာဝန် ဘယ်မှာထိုင်သလဲ -  မေးသင့်၏။ ဖြေသင့်၏။ 

ကင်ဆာဆေးလှူချင်ပါတယ် - လှူသင့်၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ