Carrot မုန်လာဥဝါ

၁။ ဆရာခင်ဗျ "အစာလည်းဆေး ဆေးလည်းအစာ"ဆိုတဲ့စကားကိုကြားဖူးပါတယ်ခင်ဗျ။ တချို့က မုန်လာဥနီ (ခါကြက်ဥ) က မျက်လုံးအတွက် ကောင်းတယ် စားပေးသင့်တယ်လို့ပြောကြပါတယ်။ တချို့က လည်း အဲဒါ စီးပွားရေးမားကတ်တင်းပါ မုန်လာဥနီ (ခါကြက်ဥ) ကို ရောင်းကောင်းအောင်လုပ်တာဟုလည်းပြောကြပါတယ်။ ဘယ်ဟာအမှန်ပါလဲဆရာ။ မျက်လုံးအတွက် မည်သို့သောအစားအစာများစားပေးသင့်ပါသလဲခင်ဗျာ။
၂။ ခန္ဓာကိုယ်က လိုအပ်နေတဲ့ အာဟာရ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ရရှိပီး ကျန်းမာရေးအတွက်ရော၊ ဝိတ်ကျဖို့အတွက်ရောအပြင် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်များ ဖယ်ရှားပေးနိုင်ပြီး အဆီကျစေတဲ့ ဖျော်ရည်ပါဗျာ။
မုန်လာဥဝါ မများစေနဲ့။
ဟုတ်ကဲ့ ဆရာ။
မုန်လာဥဝါသည် သကြားဓာတ် အလွန်ကြွယ်ဝသည့်ပြင်၊ သံဓာတ် လည်း များစွာ ပါဝင်၏။ ထိုကြောင့် ကလေးများအတွက် အဖိုးတန်သော အစာဖြစ်သည်။ သကြားဓာတ်နှင့် သံဓာတ်များအပြင် ဗီတာမင်အေနှင့် ဘီ ၁ ဓာတ်များလည်း အများအပြား ပါရှိ ၏။ ဗီတာမင် ဘီ ၂ နှင့် စီဓာတ်တို့ကား အနည်းငယ်စီသာပါရှိ သည်။ မုန်လာဥဝါတွင်ပါသော ဗီတာမင် ဓာတ်များသည် မျက်စိ အတွက်ကောင်းသည်။ ဗီတာမင် အေ ဓာတ်သည် ကြက်မျက်စိ ရောဂါကို ကာကွယ်နိုင်သည်။ မုန်လာဥဝါကို အစိမ်းဖြစ်စေ၊ ပြုတ်၍ဖြစ်စေ၊ သုတ်၍ ဖြစ်စေ စားကြသည်။ ဂျာမနီနိုင်ငံတွင် မုန် လာဥဝါကို ကျွတ်အောင် လှော်၍ ညက်အောင် ကြိတ်ပြီးလျှင် ကော်ဖီအစာ အသုံးပြုကြသည်။
မုန်လာဥဝါ (Carrot) ထဲက ပင်မအာဟာရများ
မုန်လာဥဝါ ၁ဝဝ ဂရမ်မှာ ကာဗိုဟိုက်ဒရိတ် ၉.၆ ဂရမ်ပါပါတယ်။ မုန်လာဥဖြူထက်များတယ်။ ကာဗိုဟိုက်ဒရိတ် ၄. ၇ ဂရမ်က သကြား တွေ ဖြစ်ပြီး ကျန်းမာရေးကို အကျိုးပြုတဲ့ အစာမျှင်က ၂.၈ ဂရမ်လောက် ပါဝင်ပါတယ်။ မုန်လာဥဝါမှာ မုန်လာဥဖြူကဲ့သို့ ပရိုတင်းနည်းပြီး အဆီကလည်းပါတယ်လို့ ပြောရရုံ ပါတယ်။ မုန်လာဥဝါ ၁ဝဝ ဂရမ်စားလျှင် ၄၁ ကီလို ကယ်လိုရီခန့်သာ ဖြစ်တဲ့အတွက် မုန်လာဥဝါဟာလည်း ကိုယ်အလေးချိန်ထိန်းနေ သူတွေ၊ ဆီးချိုသမားတွေ ပမာဏအားဖြင့် များများစား နိုင်တဲ့ ဟင်းသီးဥတမျိုး ဖြစ်ပါတယ်။
ပြည်တွင်းမှာ ဓါတ်စာဆိုပြီး အလွန်အကျွံသောက်သူတွေ ဂျွန်းဒစ်ဖြစ်ကြတယ်။
carrots ထဲမှာ beta-carotene ဓွတ်တွေများများပါတယ်။ များသွားရင် Dermatology Clinic at UAMS လေ့လာမှုအရ အသားဝါဖြစစေတယ်။ carotenemia လို့ခေါ်တယ်။ အထူးသဖြင့် လက်ဖဝါးတွေ ခြေဖဝါးတွေမှာ ဝါထိန်နေမယ်။
တနေ့မှာ One carrot တခု (four mg of beta-carotene) ထက် မပိုသင့်။
တနေ့မှာ 10 carrots ခုစားရင် တပတ်လောက်နေတော့ carotenemia ရမယ်။
Eye Tonics မျက်စိအားဆေး https://dr-tint-swe.blogspot.com/2022/02/eye-tonics.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ