CDC issues warning over an increase of drug-resistant bacteria ဆေးယဉ်ဘက်တီးရီးယား သတိပေးချက်

ယူအက်စ်အေမှာ ထွက်ပါတယ်။ ဘက်တီးရီးယားအမည်က Shigella ရှီဂဲလား။ 

ဒီပိုးကူးစက်ခံရရင် ဖျားမယ်၊ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်။ အညစ်အကြေး-ပါးစပ်လမ်းကနေ ကူးတယ်။ အစားအသောက်နြ့ရေထဲမှာ ပါနေနိုင်တယ်။

သုံးနေကျ ပဋိဇီဝဆေးတွေကို ပိုးကယဉ်းပါးနေလို့ ကုသရတာ ခက်တယ်။

ယူအက်စ်အေမှာ ဆေးယဉ်ဘက်တီးရီးယား သတင်းပေးပို့ချက် ၂၀၁၅ ခုနှစ်မှာ သုညသာရှိရာကနေ ၂၀၂၂ မှာ ၅% ရှိလာတယ်။ တပြည်လုံးမှာ လူ ၃ သုံးသန်း ကူးစက်ခံထားရပြီး၊ ၃ သောင်း ၅ ထောင်သေဆုံးတယ်။

မြန်မာပြည်မှာလည်း တကိုယ်ရေသန့်ရှင်းရေးနဲ့ ရေ + အစားအသောက်သန့်ရှင်းရေး ပိုပြီး ဂရုစိုက်သင့်ကြပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ