Milo မိုင်လို

မင်္ဂလာပါ ဆရာ Nestle က ထုတ်တဲ့ Milo ကို အသက် ၇ နှစ်မှ ၁၂ ထိသောက်သုံးရန် အကောင်းဆုံးဖြစ်တယ်လို့ သိရပါတယ် ကျွန်တော့ သမီးက အသက် ၂ နှစ် ၂ လပါ သမီး Milo အရမ်း ကြိုက်ပါတယ် ကျန်းမာရေးအရ ဒီ အသက်အရွယ်မှာ တိုက်သင့်ပါသလား

Milo မိုင်လိုထဲမှာ ချိုတာပါလို့ ကလေးတွေကြိုက်ကြတယ်။ သတိထားစရာတချို့တော့ ရှိတယ်။ သကြားဓါတ်ရဲ့ သဘောက ဘယ်ကနေရရ ကိုယ်အလေးချိန်တိုးမယ်။ အချိုကြိုက်လွန်းရင် တခြားအရသာတွေကို မကြိုက်တာ ဖြစ်တတ်တယ်။ သွားပေါက်ပြီးရင် သွားအပေါ်ယံလွှာကို ထိခိုင်နိုင်လို့ အချိုစားပြီးတိုင်း ပါးစပ် ဆေးသင့်တယ်။ မိုင်လိုထဲမှာ Vitamins A, B1, B2 & C တွေပါတယ်။ ဒါပေမဲ့ မိခင်နို့နဲ့ ဖေါ်မြူလာနို့မှုန့်လောက် မပြည့်စုံပါ။ မိုင်လိုကို နွားနို့ကနေလုပ်တယ်။ နွားနို့မတည့်သူတွေ မသင့်။ ကလေးဘယ်အရွယ်မှသာတိုက်လို့တော့ သုတေသနမရှိ။

VOA Burmese 28-2-2023 Nestle ကုမ္ပဏီ မြန်မာနိုင်ငံကထွက်မည်

ဆွဇ်ဇာလန်နိုင်ငံက အစားအစာထုတ်လုပ်တဲ့ ကမ္ဘာကျော် Nestle ကုမ္ပဏီကြီး ဟာ မြန်မာနိုင်ငံအတွင်းမှာ သူတို့ရဲ့ထုတ်လုပ်မှုအားလုံး ရပ်ဆိုင်းတော့မယ်လို့ ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေတွေကြောင့် ရန်ကုန်မြို့မှာရှိတဲ့ Nestle အစားအစာထုတ်စက်ရုံနဲ့ ကုမ္ပဏီရုံးချုပ်ကို ပိတ်တော့မှာဖြစ်ပြီး ဘယ်အချိန်ဆိုတာကိုတော့ ဖော်ပြခြင်းမရှိပါဘူး။ Nestle ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ အလွယ်သောက်သုံးနိုင်တဲ့ ကော်ဖီထုတ် Maggi ခေါက်ဆွဲခြောက်ထုတ် နဲ့ မိုင်လိုဗူးတွေကို ထုတ်လုပ်ရောင်းချပါတယ်။ အဲဒီကုမ္ပဏီအနေနဲ့ ဈေးကွက်အတွင်း ဖြန့်ဖြူတာတွေကို ဖိလစ်ပိုင်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကနေ အစားထိုး လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ