Online Doctor အွန်လိုင်းဆရာဝန်အဖြစ်ကတော့

အွန်လိုင်းဆရာဝန်က မျက်မမြင်ပုဏ္ဏားခြောက်ယောက်ထက် အဖြစ်ဆိုးတယ်။ ပုဏ္ဏားတွေကမှ လက်နဲ့စမ်းလို့ ရသေးတာ။ ကျွန်တော်က မမြင်ရ၊ မစမ်းရ၊ မကြားရ။ 

စာနဲ့ရေးမေးတော့လည်း သတ်ပုံမှန်တာက ရှားတယ်။ ရေးပြတာ မရှင်းလို့ ပြန်ပြန်မေးရသေးတာ။

ကလေးကနေမကောင်း ဘယ်လိုကရမလဲဆရာတဲ့။ ကလေးအမေက အငြိမ့်မင်းသမီးတော့ မဟုတ်ဘူးတဲ့။ 

သမီးရဲ့ သမီးကို မြေးမလေးလို့ထင်တော့ မှားရော။

သား ကောင်မလေးကို ချွေးမမှတ်တာလည်း မမှန်။

သမီး ကောင်လေးကလည်း သူ့သားမက်မဟုတ်ပါတဲ့။

သမီး ကောင်လေးအသက်ကို မေးတော့ သမီးဆိုသူထက် ကြီးနေပြန်ရော။

သား ကောင်မလေးကလည်း သူ့ထက် မငယ်။

ညီမအမေ နေမကောင်းဘူးဆိုတာကို မေးတဲ့သူရဲ့ အဒေါ်လားဆိုတော့ မဟုတ်ဘူးတဲ့။ 

မမ ဖျားနေသတဲ့။ သူ့အမ မဟုတ်ဘူး၊ သူ့နာမည်တဲ့။

အိမ်ကအဖေတဲ့။ အိမ်မှာမနေတဲ့အဖေ ရှိသေးလားလို့ မမေးရဲ။

အွန်လိုင်းဆရာဝန်ကတော့ အလွဲချည်းဘဲ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ