Screening ဆန်ကာ ဆန်ခါ ဇကာ

Nominate က ဆန်ကာတင်လား၊ ဆန်ခါတင်လား၊ ဇကာတင်လား ဆရာ။

မယ်ရွေးပွဲအရေးအသားကို မေးတာ။ ဆေးပညာအသုံးနဲ့ ဖြေပါမယ်။

Nominate ဆိုတာ အမည်သတ်မှတ်တာ။ အမည်ပါသူကို ရွေးတာ။ 

ဆန်ကာ၊ ဆန်ခါ၊ ဇကာလို့လည်း အရင်ကတည်းက ရေးတယ်။

Screening ဆိုတာကသာ ဆန်ကာတင်ရွေးတာ။ လူအများစုထဲမှာ ရောဂါပိုးရှိမရှိ ပဌမဆုံးစမ်းသပ်နည်းကို Screening test လို့ ခေါ်တယ်။ 

တခြားအကြောင်းတွေနဲ့ လူရွေးချယ်ရာမှာလည်း အဲတာပဲ။ တဦးကိုရွေးလိုက်တော့မှာ နော်မီနိတ် လုပ်တယ်လို့ ခေါ်တယ်။ 

နောက်ဆုံးအဆင့် မရောက်မီ ပဏာမရွေးတာကိုလည်း ခေါ်တယ်။ မယ်ရွေးပွဲတွေမှာ လူအများကြီးထဲက ၂၀၊ ၁၀၊ ၅ ယောက် အဆင့်ဆင့် ရွေးတယ်။

ကင်ဆာဖြစ်နိုင်ခြေများသူတွေကို ဆခရင်နင်တက်စ် လုပ်ရတယ်။ ကင်ဆာအမျိုးအစားအလိုက် လူရွေးစစ်ဆေးတာ မတူပါ။

Recommendations for the Early Detection of Breast Cancer အမေရိကန် ကင်ဆာဆိုဆိုင်ယာတီရဲ့ ရင်သားကင်ဆာ ဆန်ခါတင်စစ်ဆေးနည်း လမ်းညွှန် https://dr-tint-swe.blogspot.com/2022/10/recommendations-for-early-detection-of.html

Colonoscopy အူမကြီးစစ်ဆေးခြင်း https://dr-tint-swe.blogspot.com/2022/05/colonoscopy.html

ဒေါက်တာတင့်ဆွေ

၁၅-၂-၂၀၂၀

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ