Symptoms of Breast Cancer ရင်သားကင်ဆာ လက္ခဏာများ

ရင်သားကင်ဆာရဲ့ အစ လက္ခဏာလေးများသိပါရစေရှင်

ရင်သား နှင့်/သို့မဟုတ် ချိုင်းတွင် အကျိတ်အလုံး စမ်းမိခြင်း

ရင်သားနေရာတခုခုမှာ ထူထဲလာခြင်း သို့မဟုတ် အလုံးဖြစ်လာခြင်း

ရင်သားအရေပြား အနေရခက်လာခြင်း

ရင်သားနို့သီးခေါင်းနေရာမှာ နီရဲလာခြင်း သို့မဟုတ် နဂိုလိုမဟုတ်ခြင်း

နို့သီး အတွင်းသို့ ဝင်ခြင်း သို့မဟုတ် နာလာခြင်း

နို့သီးခေါင်းမှ သွေး သို့မဟုတ် တခုခုထွက်လာခြင်း

ရင်သားအရွယ်အစား ပုံပန်း ပြောင်းလာခြင်း

ရင်သားတနေရာရာ နာလာခြင်း

မှတ်ချက် - 

တယောက်နဲ့တယောက် မတူတတ်ပါ။ အထက်ပါလက္ခဏာတခုခုတွေ့တိုင်းလည်း ကင်ဆာ ဟုတ်ချင်မှ ဟုတ်မယ်။ သံသယရှိရင် ဆရာဝန်ပြပါ။

ကင်ဆာကို သိလိုသူ၊ စစ်လိုသူ၊ ကုသလိုသူတွေက ဆရာဝန်ကို မေးလေ့မရှိပါ။ မြန်မာပြည်တခုတည်းမှာသာ။ ကင်ဆာ ကာကွယ်နည်းနဲ့ ကုသနည်းတွေကို မသိလို၊ စားစရာကိုသာ မေးတာလည်း မြန်မာပြည်မှာသာ။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ