Three Years Breast Cancer Free ရင်သားကင်ဆာ ပျောက်တာ ၃ နှစ်ရှိပြီ
အမျိုးသမီး ၈ ယောက်မှာ ၁ ယောက် ရင်သားကင်ဆာဖြစ်နေတယ်။ ကျမလည်းတယောက်ပါလို့ ၂၈-၉-၂၀၁၇ နေ့က တွစ်တာမှာရေးပါတယ်။
ရင်သားကင်ဆာ အဆင့် ၂ ဆိုတာ အရွယ်အစားအားဖြင် ၂ စင်တီမီတာရှိနေတာ။ တက်စေ့ ခေါ် လင့်ဖ်နုတ်လေးတွေမှာလည်း ကင်ဆာပြန့်နေပြီ။
တက်စေ့အရေအတွက် များများ ဥပမာ ၁၀၊ ၁၁၊ ၁၂ ခုထိကင်ဆာပြန့်နေရင်တော့ အဆင့် ၃ လို့ သတ်မှတ်တယ်။
ရင်သားကင်ဆာကို ဘယ်လိုကုသမလဲဆိုတာ ကင်ဆာအဆင့်တခုတည်းနဲ့ မပြီးပါ။ ဟော်မုန်းသက်ရောက်မှု ရှိ-မရှိစစ်ဆေးရမယ်။
hormone receptor positive ဟော်မုန်းရီဆက်ပတာ (+) လား (-) လား။
ခီမိုသာရာပီ လိုမလား၊ မလိုဘူးလား ဆုံးဖြတ်မယ်။
Receptors ရီဆက်ပတာတွေဆိုတာ estrogen receptor, progesterone receptor နဲ့ HER2 receptor တွေဖြစ်တယ်။
Keytruda Chemo Combo ဆေးကို FDA ကနေ Aggressive Triple-Negative Breast Cancer ကုသဆေး အဖြစ် အသိအမှတ်ပြုနိုင်ခြင်းဟာ ရင်သားကင်ဆာကုသနည်းမှာ အခယာကျတဲ့ အပြောင်းအလဲကြီးတခု ဖြစ်တယ်။
Aromatase Inhibitor အမျိုးအစားဆေးတွေဆိုတာ anastrozole (Arimidex), letrozole (Femara) နဲ့ exemestane (Aromasin) ဆေးတွေဖြစ်တယ်။ စားဆေးတွေ။ တနေ့ တကြိမ်သာသောက်ရတယ်။ ဘေးထွက်သက်ရောက်မှု တချို့မှာသာ ခံစားရတယ်။
ဒီဆေးပညာသတင်းဆောင်းပါးမှာ ဘယ်အစာတွေစားတယ်။ ဘယ်အစာတွေရှောင်တယ်လို့ တလုံးတပါဒမှ မပါ။ မြန်မာပြည်က ရင်သားကင်ဆာဖြစ်နေသူတွေ ရင်သားကင်ဆာကို စနစ်တကျကုသနည်းနဲ့ အနိုင်ယူနိုင်ကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment