Vaseline နှင့် Neomycin လိမ်းဆေးများ

မင်္ဂလာပါဆရာ Vaseline (pure petroleum jelly) က ဘာ‌အတွက်အဓိကသုံးတာလဲခင်ဗျ။ မျက်နှာမှာ တင်းတိတ်၊ ဝက်ခြံနဲ့ ခြေလက်တွေမှာအသားပတ်တာတွေအတွက်ရော လိမ်းလို့ရလားသိချင်လို့ပါခင်ဗျ။

Neomycin sulfate cream ကအရေပြားယားတာယံတာနဲ့ (ကန်တော့) ပေါင်ခြံ/ကြားမှာယားတာတွေအတွက်ရောသုံးလို့ရလားခင်ဗျ။

Vaseline Petroleum jelly ဗက်ဆလင်းခရင်မ်ကို အရေပြားကာကွယ်နဲ့ အရေပြားခြောက်သွေ့နေတာကို သက်သာစေဘို့သုံးတယ်။ အလှအပအဖြစ် နှုတ်ခမ်း တောက်ပြောင်နေစေအာင်လည်း လိမ်းနိုင်တယ်။

Neomycin နီယိုမိုင်စင်က ပိုးသေဆေးတမျိုးဖြစ်တယ်။ ပိုးဝင်နေတဲံ အနာ ဒဏ်ရာအတွက်သုံးတယ်။

တင်းတိတ်၊ ဝက်ခြံရောဂါစာတွေ ဘလော့မှာ ဖတ်နိုင်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ