Without Your Pancreas သရက်ရွက်မရှိလျှင်

ဆရာမင်ဂလာပါရှင့် ဆရာ လူ့ကိုယ်ထဲမှာ သရက်ရွက်မရှိရင်ရောဂါပိုးအလွယ်တကူဝင်နိုင်လားဆရာ ကြိုတင်ကာကွယ်လို့ရောရနိုင်လားဆရာ

သရက်ရွက်မရှိတော့ပေမဲ့ အသက်ဆက်ရှင်နိုင်ပါတယ်။ ဆေးတော့ လိုတယ်။

သရက်ရွက်ကင်ဆာနဲ့ ဆိုးဝါးတဲ့သရက်ရွက်ရောင်ခြင်းတို့ကြောင့် ခွဲစိတ်ထုတ်ရတတ်တယ်။ ထိခိုက်မိလို့လည်း ထုတ်ရနိုင်သေးတယ်။

သရက်ရွက် ခေါ် ပန်ခရိယပ်စ် (ပန်ကရိယ) ခေါ် မုန့်ချိုအိတ်ကနေ insulin, glucagon, somatostatin, and pancreatic polypeptide ဓါတ်တွေ ထုတ်ပေးနေတယ်။ Insulin အင်စူလင်ကနေ သကြားဓါတ် ထိန်းပေးနေတယ်။

Enzymes အင်ဇိုင်းတွေက အစာကျေချက်ဘို့ လုပ်ပေးနေတယ်။

Trypsin နဲ့ chymotrypsin တို့ အစားအသောက်ထဲက ပရိုတင်းကို ကျေချက်ပေးတယ်။

Amylase ကနေ ကာဘွန်ဟိုက်ဒရိတ်တွေကို ကျေချက်ပေးတယ်။

Lipase ကနေ အဆီကို ကျေချက်ပေးတယ်။

အင်စူလင်မရတော့သူနဲ့ လုံလောက်အောင်ထုတ်မပေးနိုင်သူတွေက ဆီးချိုဖြစ်တယ်။

သွေးထဲ ဆီးထဲက သကြားဓါတ်အနည်းအများကို စစ်ဆေးနေရမယ်။

အစာကျေချက်ဘို့ အင်ဇိုင်းဆေးတွေလိုမယ်။ စားပြီးတိုင်း လိုမယ်။

ဆီးချိုသမားတွေစားသလိုသာ စားရမယ်။ 

ကိုယ်လက်လှုပ်ရှားမှု လုပ်နေရမယ်။ 

သရက်ရွက်မရှိတော့သူတွေ ၇ နှစ်အသက်ဆက်ရှင်နှုန်း ကင်ဆာမဟုတ်သူတွေက ၇၆% ရှိတယ်။ ကင်ဆာကြောင့်မရှိတော့သူတွေက ၃၁% ရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments