ညော်အကြောင်းလည်း ခဏခဏတင်ထားတယ်

ဆရာရေ အာရုံကြောရောင်တာ ညှော် မိလို့ရပါလားရှင့်။ ‌ဒီနေ့ ပါးတစ်ခြမ်း(ပါးတခြမ်း) နာလို့ပါ ရှင့်။ မနေ့ကညှော်မိသွားလို့ပါ။ စိုးရိမ်ရပါသလားဆရာရှင့်။

အာရုံကြောဆိုတာ လူတိုင်းမှာ တကယ်လုံးလိုလိုမှာ ရှိတယ်။ ဘယ်နေရာ ရောင်သလဲ မသိပါ။ ရောင်တယ်လို့ ဘယ်လိုသိသလဲ မသိပါ။ အရင်မေးတာကို ပြန်ရှာတော့ မျက်နှာတခြမ်း လေဖြတ်ထားသူဖြစ်တယ်။

Bell's palsy မျက်နှာတခြမ်း လေဖြတ်ခြင်းအကြောင်းစာ ပို့ထားပြီးဖြစ်တယ်။

ညော်အကြောင်းလည်း ခဏခဏတင်ထားတယ်။ ညှော်ကြောင့် အများဆုံးဖြစ်နိုင်တာက ညှော်ရှူနေရချိန်မှာ အောက်စီဂျင်နည်းမယ်။ မကောင်းတဲ့အနံ့အသက်တွေရှူနေရချိန်မှာလည်း အတူတူ။ ရေမွှေးတွေ အများကြီးရှူနေရချိန်မှာလည်း အတူတူ။ မီးခိုးတွေကြားထဲမှာလည်း အတူတူ။

စိုးရိမ်ရလားလို့မေးတာကို ဘယ်သူကမေးမေး ဖြေလေ့ မရှိပါ။ စိုးရိမ်စိတ်က တယောက်နဲ့ တယောက် မတူပါ။ စိုးရိမ်ရတယ်၊ မစိုးရိမ်ရဘူးက ရောဂါကို မပျောက်စေနိုင်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ