Home Made Scrubs to Get Rid of Cracked Heels ဖနောင့်ကွဲခြင်း

(ခြေထောက်ပုံအတွက် ကန်တော့)

ဆရာခင်များ Cracked heel အကြောင်းလေး post တင်ပေးပါရန် လေးစားစွာ တောင်းဆိုအပ်ပါတယ်ခင်များ။

ဖနောင့်ကွဲတာ ရောဂါတော့မဟုတ်ပါ။ စိုးရိမ်စရာလည်းမရှိပါ။ အကြည့်ရဆိုတယ်။ တခါတလေ သွေးထွက်တယ်။ သွေးကတဆင့်ကူစက်မှာကို သတိထားနေရတယ်။ ဆီးချိုရှိနေသူတွေမှာ ပိုဆိုးတယ်။ Zinc သွပ်ဓါတ်နည်းနေသူတွေနဲ့ Omega- 3 fatty acids အိုမီဂါ-သရီးနည်းနေသူတွေမှာအဖြစ်များတယ်။ အနေအထိုင် အလုပ်အကိုင်ကြောင့်လည်း ဖြစ်တတ်တယ်။ ရေငွေ့ဓါတ်နည်းတဲ့ဆီမှာနေရသူတွေ လုပ်ကိုင်ရသူတွေမှာဖြစ်တယ်။ ကိုယ်အလေးချိန်းများသူတွေ Psoriasis, eczema စတဲ့ နာတာရှည်အရေပြားနာရှိသူတွေမှာလည်း အဖြစ်များတယ်။ 

၁။ Home-made scrub ဖနောင့်ပွတ်တိုက်နည်း

Brown sugar သကြားညို ၂ ဇွန်း၊ Lemon juice သံပရာရည် ၁ ဇွန်း၊ Honey ပျားရည် ၁ ဇွန်း၊ Olive oil သံလွင်ဆီ ၁ ဇွန်းတို့ကို ရေခပ်နွေးနွေးထဲထည့်ပြီး (သွာတိုက်ဆေးလိုဖြစ်လာအောင်) ခပ်ပျစ်ပျစ်ဖြင်အောက်ရောမွှေပါ။ အဲတာကို ကွဲနေတဲ့ဖနောင့်မှာ လိမ်းပါ။ ၁ဝ-၁၅ မိနစ်ထားပါ။ ဆေးလိုက်ပါ။

၂။ Exfoliating Foot Scrub နောက်တနည်း

Milk နွားနို့ ၁ ခွက်နဲ့ Warm water ရေနွေး ၅ ခွက်ရောထာထဲမှာ ခြေထောက်ကို ၁ဝ-၁၅ မိနစ်စိမ်ထားပါ။ Sugar/ salt သကြား-ဆား ၄ ဇွန်း၊ Baby oil/coconut oil ဘေဘီဆီ (သို့) အုန်းဆီ ခွက်တဝက်လိမ်းပေးပါ။ Pumice stone ခြေထောက်တိုက်စရာကျောက်တုံးနဲ့တိုက်ပါ။ ပြီးရင် ခြေထောက်ကိုခြောက်သွေ့စေပြီးနောက်မှာ 2% Salicylic acid cream ဆယ်လစ်စလင်ခရင်မ်လိမ်းပါ။ နောက်ဆုံး thick moisturizer (petroleum jelly) ကို ၄ နာရီကြာလိမ်းပါ။ 

၃။ Banana Pulp Foot Mask ငှက်ပျောခွံနည်း

ငှက်ပျောခွံကိုချေပါ။ ခြေဖေနောင့်ကိုလမ်းပါ။ ၁၅ မိနစ်စောင့်ပါ။ ရေခပ်နွေးနွေနဲ့ဆေးပါ။ Avocado သကြာသီးခွဲ ဆတူရောတာလည်းရတယ်။ 

၄။ Foot Moisturizer ခြေအစိုဓါတ်နည်း

Lukewarm water ရေခပ်နွေးနွေးထဲမှာခြေထောက်ကို ၁ဝ မိနစ်ကြာစိမ်ပါ။ ခြောက်အောင်သုတ်ပါ။ Petroleum jelly ၁ ဇွန်း၊ Lime juice သံပရာရည် ၂-၃ စက်ရောတာလိမ်းပေးပါ။ 

၅။ Moisturizing cream ရေဓါတ်ခရင်မ်

Olive oil သံလွင်ဆီ ၁ ဇွန်းနဲ့ Lemon/ lavender oil ဆီ ၂-၃ စက်ရောပါ။ ခြေဖနောင့်ကိုလိမ်းပါ။ လိုတိုင်းလိမ်းနိုင်တယ်။ 

အစားအသောက်ထဲမှာ ဗီတာမင် အီး၊ အေ၊ ကယ်လ်စီယမ်၊ သံဓါတ်၊ သွပ်ဓါတ်နဲ့ အိုမီဂါ-သရီးတွေပါစေရမယ်။ 

ဒေါက်တာတင့်ဆွေ

၂၈-၃-၂၀၁၆

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ