Insulin Chart အင်စူလင် ဇယား


မဂ်လာပါဆရာ တစ်ခုလောက်(တခုလောက်) မေးချင်လို့ပါ ကျမအဘိုးက အင်ဆူလင် 12 မှတ်အထိ ထိုးနေရတယ်ဆရာ ခုရက်ပိုင်းလေးငါးရက်ဆက်တိုက် 190 ဖြစ်နေလို့ ဆေးအမှတ် တိုးပီး(ပြီး)ထိုးပေးရမလားဆရာ အသက်က ၇၈ နှစ်ပါဆရာ ကျေးဇူးတင်ပါတယ်ဆရာ

အစာမစားမီတိုင်းတဲ့ သွေးထဲကသကြားဓါတ်အနည်းအများအရ အင်စူလင် ထိုးရမယ်။ တယောက်နဲ့တယောက် မတူပါ။ တချို့ တနေ့ ၂ ကြိမ်။ တချို့ကို စားဆေးပါတွဲပေးတယ်။

စားလေးလဲပါတယ်ဆရာ အငံစားများရင်ရောအချိုဓာတ်ကများတတ်လားဆရာ စားဆေးလဲပါတယ်ဆရာ။

အငန်ဓါတ်က သွေးတိုးစေတယ်။ တချို့ဆီးချိုလူနာတွေမှာ သွေးတိုးလည်း တွဲနေတယ်။ တချို့ ကိုလက်စထောပါ တွဲနေတယ်။ အချိုက အချို၊ အငန်က အငန်၊ အဆီက အဆီ။

ပုံထဲက ဇယား ၂ ခုကို မှီးနိုင်တယ်။

ဇယား (၁)

သကြားဓါတ် = အင်စူလင်နှင့်ထိရောက်သူ - ပုံမှန် - အင်စူလင်ကို ခံနိုင်သူ

141-180 = 2 - 4 - 6

181-220 = 4 - 6 - 8

221-260 = 6 - 8 - 10

261-300 = 8 - 10 - 12

301-350 = 10 - 12 -14

350-400 = 12 - 14 -16

>400 = 14 - 16- 18

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ