Ki67 များတာကတော့

pT2 breast cancer ရင်သားကင်ဆာ အမျိုးအစား

ယခုပုံပါစာသားလေးတွေက ရင်သားကင်ဆာ အမျိုးအစားကို ခွဲခြားဖော်ပြထားတဲ့ စာသား ဟုတ်လားရှင့် pT2N2a ဆိုတာ triple negative ကို ပြောတာလားရှင့်

pT2 breast cancer

Stage 2 means the breast cancer is growing, but it is still contained in the breast or growth has only extended to the nearby lymph nodes. This stage is divided into groups: Stage 2A and Stage 2B. The difference is determined by the size of the tumor and whether the breast cancer has spread to the lymph nodes.

For Stage 2 breast cancer, chemotherapy is usually done first, followed by surgery and radiation therapy.

Stage IIA Breast Cancer Means One Of The Following Descriptions Applies.

Either:

No actual tumor is associated with the cancerous cells and less than four auxillary lymph nodes have cancer cells present.

OR

The tumor is less than 2 centimeters and less than four auxillary lymph nodes have cancer cells present.

OR

The tumor is between 2 and 5 centimeters and has not yet spread to the lymph nodes.

Triple negative breast cancer ရင်သားကင်ဆာတမျိုး https://dr-tint-swe.blogspot.com/2021/05/triple-negative-breast-cancer.html

ki67 40% ဆိုတာ ကင်ဆာပြန့်ပွားနှုန်းအရမ်းမြန်တာကို ​ပြတာလားရှင့် ရင်သားကင်ဆာ ၃နှစ်ကျော်ခဲ့ပြီးမှ ဒုတိယအကြိမ် ပြန်ဖြစ်တာပါ စိုးရိမ်ရလားရှင့်

Ki67 များတာကတော့ နည်းတာထက် မကောင်းတာကို ပြသတယ်။

ဟုတ် ဆရာရှင့် halaven ဆေးသွင်းနေပါတယ်ရှင့် ki67 % ပြန်နည်းသွားနိုင်လားရှင့်

ကုသနည်းကို ရောဂါရဲ့ တုန့်ပြန်မှုအပေါ် မူတည်တယ်။

ဟုတ်ကဲ့ရှင့် ဆရာ အချိန်တိုအတွင်း အသက်ဆုံးရှုံးနိုင်တဲ့ထိ စိုးရိမ်ရလားရှင့် biopsy စစ်ထားတဲ့ အဖြေပါရှင့်

ဘယ်သူကမေးမေး စိုးရိမ်ရလာကို မဖြေပါ။ တယောက်နဲ့တယောက် စိုးရိမ်စိတ် မတူကြပါ။

ကင်ဆာတွေအတွက် အသက်အကြောင်းဖြေရာမှာ ၅နှစ် အသက်ရှင်နှုန်းစာကို ပို့ပါတယ်။ အဲဒီဆေးသုတေသနမျိုးက ယူအက်စ်အေမှာ လုပ်ထားတာတွေ။ ကံတရားဆိုတာ တကယ်ရှိတယ်။ ကင်ဆာမရှိတဲ့သူက ကင်ဆာလူနာအရင် ကွယ်လွန်တာလည်း ရှိတတ်တယ်။ 

တနေ့က ဆရာတော်တပါးနဲ့ စကားပြောတော့ စကင်ဒီနေးဗီးယားနိုင်ငံတခုမှာ သီတင်းသုံးတဲ့ ဆရာတော်တပါး ပျံတော်မူတာကို ထောက်ပြပြီး၊ ကျန်းမာရေးစောင့်ရှောက်မှု အလွန်ကောင်းတဲ့ တိုင်းပြည်မှာလည်း သေချိန်ကျ သေရတာဘဲလို့ ပြောပါတယ်။ မြန်မာပြည်မှာ နေသူတွေ ကံကောင်းကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ