MMR Vaccine ကာကွယ်ဆေး

ကျွန်မ သမီး အသက် ၁နှစ်မှာ MMR ဆိုတဲ့ ကာကွယ်ဆေးကို ထိုးထားပါတယ်။ ၄နှစ်မှာ တကြိမ် ထိုးရမယ်လို့ ပြောပါတယ်။ ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေးကိုတော့ မထိုးထားပါဘူး။ အခု ဝက်သက်က ကပ်ရောဂါလို ဖြစ်နေတော့ ထပ်ထိုးဖို့ လို မလို သိပါရစေ၊ ကလေးကို မူကြိုပို့နေရလို့ပါ။ ကလေးက ချောင်းဆိုးလို့ ပိုးသတ်ဆေး ၁လ သောက်နေရပါတယ်။ ညနေပိုင်းတွေဆို ဖျားနေတတ်ပါတယ်။ ဝက်သက် ကာကွယ်ဆေး ထိုးသင့် မသင့် ကျေးဇူးပြု ၍ ရှင်းပြပေးပါဆရာ။ ကာကွယ်ဆေး ဇယားကို ပုံရိုက်ပို့ပေးလိုက်ပါတယ်။

မြန်မာနိုင်ငံ ကာကွယ်ဆေးထိုးခြင်း

• အသည်းရောင် (ဘီ) ကာကွယ်ဆေး = မွေးစ။

• ဘီစီဂျီ တီဘီကာကွယ်ဆေး = မွေးစ၊ ၂ လ၊

• ဆုံဆို့-ကြက်ညှာ-မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်) = ပဌမ ၂ လ၊ ဒုတိယ ၄ လ၊ တတိယ ၆ လ။

• ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) = ပဌမ ၂ လ၊ ဒုတိယ ၄ လ၊ တတိယ ၆ လ။

• ပိုလီယိုကာကွယ်ဆေး = ပဌမ ၂ လ၊ ဒုတိယ ၄ လ၊ တတိယ ၆ လ။

• ပိုလီယိုကာကွယ်ဆေး ထိုးဆေး = ၄ လ။

• ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေး = ၉ လ။

• ဝက်သက် = ၁ နှစ်ခွဲ။

• ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေး = ၄ နှစ်ခွဲ။

ဆေးထိုးဇယားကို အပြောင်းအလုဲလုပ်တာရှိနိုင်တယ်။

အခု ကလေးအသက် ၉လမှာ ဝက်သက် ဂျိူက်သိုးအပြင် JE ပါထိုးပေးပါတယ်ဆရာ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Insomnia အိပ်မရခြင်း