Radiation therapy may affect your daily routine ဓါတ်ကင်ကုသမှုခံယူနေစဉ်

ရင်သားကင်ဆာ ဓါတ်ကင်ရင် ပုံမှန်အလုပ်လုပ်လို့ရလားရှင့် အတွေ့အကြုံလေးဝေမျှပေးပါအုံး မမတို့

ဆရာဝန်ကို မေးတာ မဟုတ်ပါ။ သူ့မမတွေကိုသာ မေးတာ။

1. အလုပ်လုပ်နိုင်သလား

လူနာအများစုကတော့ ခါတိုင်းအလုပ်တွေ ဆက်လုပ်နိုင်ကြပါတယ်။ တချို့ကတော့ ဓါတ်ကင်ကုသမှုခံယူမှု အစပိုင်းမှာ ခါတိုင်းအလုပ်တွေ ဆက်လုပ်နိုင်ကြပြီး နောက်ပိုင်းမှာ အလုပ်ကနေ ခဏနားကြရတယ်။ ဘေးထွက်သက်ရောက်မှုတွေကြောင့် ဖြစ်ပါတယ်။ ဘယ်နေရာမှာ ဓါတ်ကင်ရသလဲနဲ့ ဓါတ်ရောင်ခြည် အနည်းအများအရ ကွာမယ်။ ကိုယ်ခံကျန်းမာရေးနဲ့ စိတ်ခိုင်မာမှုလည်း ကွာနိုင်တယ်။ ကုသပေးနေတဲ့ ဆရာဝန်ကို မေးသင့်ပါတယ်။

2. လင်မယား အတူနေခြင်းလည်း အထက်ကအတိုင်း ဖြစ်တယ်။

3. နေရောင်ထဲ ထွက်လို့ရပါသလား

ရတယ်။ ကုသမှုရယူနေတဲ့နေရာကို ဖုံးထားသင့်တယ်။ နေကာမျက်မှန်၊ ဆောင်းစရာစတာတွေလည်း လိုမယ်။

4. ဆံပင် ဆေးဆိုးလို့ရသလား

ရတယ်။ ဦးခေါင်းကို ဓါတ်ကင်တာမဟုတ်ရင် ရတယ်။

5. သောက်လက်စ (သွေးတိုး၊ ဆီးချို၊ ဂေါက်) ဆေးတွေ ဆက်သောက်လို့ရသလား

ယေဘုယျ ရတယ်။ ကုသနေတဲ့ဆရာဝန်ကို အရင်မေးပါ။

6. ကိုယ်လက်လေ့ကျင့်ခန်း လုပ်လို့ရသလား

ရတယ်။ သိပ်ပြင်းထန်တာမျိုးတော့ ရှောင်ပါဦး။

7. အားဆေးတွေ သောက်လို့ရလား

ကုသပေးနေတဲ့ဆရာဝန်ကို မေးပါ။ အထူးသဖြင့် ဟာဘယ်ဆေး ခေါ် အသီးအရွက်တွေကနေ ထုတ်တဲ့ ဆေးတွေ သတိထားရမယ်။ ရိုးရိုးဗီတာမင်တွေကိုတော့ သောက်နိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ