Surgical Wound ခွဲစိတ်ကုသဒဏ်ရာ (၂)

ဆရာရှင့် ကျမက ၅.၁၂.၂၀၂၂ က ညာဘက်ရင်သားခွဲစိတ်ထားသူပါ ဖိုက်ဘရိုဆစ်စ်တစ်ပါ ခွဲစိတ်ထားတဲ့ညာဘက်က မနက်တိုင်းအိပ်ရာနိုးရင် ထုံကျဉ်နေပါတယ် ရင်သားခွဲစိတ်ထားခြင်းနှင့် လက်ထုံကျဉ်နေတာက ပတ်သက်မှုရှိပါသလားရှင့် ကျေးဇူးပြု၍ ဖြေကြားပေးပါဦးဆရာရှင့်

ခွဲစိတ်ကုသမှု မှန်သမျှနဲ့ ဒဏ်ရာရမှုတွေမှာ အရေပြားမှာရှိတဲ့ နာတာ၊ ပူတာ၊ ထိတာကိုသိတဲ့ အာရုံကြောတွေကိုပါ ထိခိုက်ပျက်စီးစေပါတယ်။ အာရုံကြောမှန်သမျှ အသစ်ပြန်မဖြစ်ပါ။ အရေပြားမှာက အာရုံကြောသေးသေးငယ်ငယ်တွေသာရှိတယ်။

ခွဲစိတ်ကုသမှုခံယူရပြီးစမှာ ထုံနေတာအတွက် အနေရခက်စေတယ်။ ကြာတော့ နေသားကျသွားတယ်။ ပျောက်စေအောင် ဆေးလည်း မလို၊ အစားအသောက်လည်း ထူးမလိုအပ်ပါ။ ပုံမှန်အစားအသောက်နဲ့ တချို့သာ ဗီတာမင်ဘီအုပ်စုအားဆေး လိုတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ