Thyroid nodule လည်ပင်းအကျိတ်

၁။ မင်္ဂလာပါဆရာ
Free T4 = 12.56 pmol/L(12-22) 
TSH = 3.2 µIU/ L (0.27-4.2)
ရောဂါလက္ခဏာ ခံစားရတာကတော့ စိတ်တိုလွယ်လာတယ် မောတယ် ဆံပင်ကျွတ်တယ် မျက်လုံးပြူးတယ် မေ့တတ်လွယ်တယ် အိပ်ရေးမဝဘူး အာရုံစူးစိုက်၍မရဘူး အကြိတ်(အကျိတ်)စဖြစ်တာကတော့ ၁၀နှစ် နီးပါလောက်တော့ရှိပါပြီ လက်ရှိသောက်နေသောဆေး မရှိသေးပါ ဆရာ လည်ပင်းမှာပါဆရာ အမှားပါရင် တောင်းပန်ပါတယ် ဆရာ
ဖြစ်တဲ့သူ အသက် မသိရ။ ဆေးစစ်ချက်အရ ဟော်မုန်း မနည်း မများ။ ကုသပေးနေတဲ့ဆရာဝန်ကု နောက်ဘယ်တော့ထပ်စစ်ပါဆိုတဲ့အချိန် ထပ်စစ်ရမယ်။
၂။ မင်္ဂလာပါဆရာ ကျမရဲ့အမေက အသက် ၆၀ပါ လည်ပင်းမှာအကျိတ်လေးတွေ့လို့ ဒီနေ့ Ultrasound ရိုက်ခဲ့ပါတယ်ဆရာ လည်ပင်းအစ်တာ အစာနင်တာ အစာသီး (သည်း) တာ နာတာ စသည့်လက္ခဏာတွေမရှိပါဘူးဆရာ Ultrasound Result လေးကို ဖတ်ပြီး လိုအပ်တာပြုလုပ်နိုင်ဖို့ လမ်းညွှန်ပေးပါဦးဆရာ ဆရာ အသက်ရှည်ကျန်းမာပါစေရှင် ရိုသေစွာဖြင့်
Thyroid nodule လို့ ဖတ်ရတယ်။ ဆေးစစ်ချက်မှာ ပုံတွေ မလိုပါကြောင်း အခါပေါင်းများစွာတင်ပြထားတယ်။ မှတ်ချက်စာကြောင်းသာ လိုတယ်။ ဆေးစစ်ချက်အဖြေကို စစ်ဆေးခိုင်းတဲ့ ဆရာဝန်ကလည်း လိုတာကို ပြောပါမယ်။
Thyroid nodules ဆိုတာ ရောဂါခံစားရတာ မရှိ။ ရှားရှားပါးပါးလောက်သာ ကင်ဆာဖြစ်လာနိုင်တယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ