Water ရေမထိဆိုတာ ဘာလဲ

ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဆရာဝန်မဟုတ်လို့ ထင်ရသူတယောက်က မရပါလို့ ဖြေထားတယ်။

ရေထိတယ်ဆိုတာ ဘယ်လိုပါလဲ။ လက်ဆေး၊ မျက်နှာသစ်၊ သွားတိုက်ရင် ရေထိရတယ်။ ရေအိမ်ခန်းဝင်ပြီးလည်း ရေကိုင်ရတယ်။ ကန်တော့။

ခွဲစိတ်ချုပ်ရိုးနေရာကိုတော့ ချုပ်ရိုးဖြုတ်သည်အထိ ရေမထိသင့်သေးပါ။

ဆပ်ပြာလည်း ဆပ်ပြာနဲ့ အလားဂျစ်ဖြစ်သူကလွဲရင် ဆပ်ပြာကို ဘယ်အချိန် မကိုင်ရလို့ မရှိပါ။ မီးနေသည်လည်း ကိုင်ရတယ်။ ကိုင်ရမယ်။ ကန်တော့။

ရေချိုး၊ ရေသောက်၊ ခေါင်းလျှော်အလုပ်တွေကို ရန်ရှာနေသူတွေအနား မကပ်သင့်။ နံစော်နေမယ်။ ကန်တော့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ