12-4-2013 Recovering from Appendix surgery သင်္ကြန်လူနာ

နယူးဒေလီမှာ နေခဲ့ရစဉ်က မြန်မာပြည်ကနေလာနေသူတွေအတွက် ယမုန်နာ အခမဲ့ဆေးခန်းလေးကို ၁၂ နှစ်ကြာ ဖွင့်နိုင်ခဲ့တယ်။ အစမှာ ပြင်ပလူနာ။ ၂၀၀၆ ကစပြီး ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်းနဲ့ သားဖွားလူနာ။ နောက်တော့ ခွဲစိတ်လူနာ။ အခန်းသေးသေး၊ ငွေကလည်း ရှိတာမဟုတ်ပါ။ ခွဲစိတ်ကရိယာ ရှိတာနဲ့ အူအတက်ရောင်လူနာတွေကိုပါ ခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။

ပုံထဲကလူနာကို ၂၀၁၃ ခုနှစ် သင်္ကြန်အကျနေ့မှာ ခွဲစိတ်ပေးခဲ့တာ။

မွေးပေးခဲ့ရတဲ့ ကလေး ၃၄၉ ယောက်အပါအဝင်၊ လူနာတွေ၊ ဆေးခန်းဆရာမတွေနဲ့ ဆေးမှူးတွေ နေကောင်းကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ