ဆရာဝန်၏ ဈေးဗန်း

Apr 1, 2023, 9:56 PM

ဆရာ plt သွေးအားနည်းတာ တစ်နှစ်(တနှစ်)ကျော်ပါပီ(ပါပြီ) ဆေးစားနေရပါတယ် ကောင်းမသွားပါ သက်သာတာတစ်ခု(တခု)လောက်ပါ ဆရာ ဘာကြောင်းဖြစ်ရတာလေးဆရာ

Apr 1, 2023, 10:25 PM

Thrombocytopenia သွေးမှုံအရေအတွက် နည်းနေခြင်း https://dr-tint-swe.blogspot.com/2021/01/thrombocytopenia.html

Thrombocytopenia သွေးမှုံအရေအတွက် နည်းနေခြင်း https://dr-tint-swe.blogspot.com/2021/01/thrombocytopenia.html

High platelets သွေးမှုံများနေခြင်း https://dr-tint-swe.blogspot.com/2021/01/high-platelets.html

Platelets Count သွေးမှုန်အရေအတွက် https://dr-tint-swe.blogspot.com/2021/10/platelets-count.html

Active 29m ago လက်မထောင်အရုပ်

၁၅ ရက်ကြာမှာ ပို့တာကို ဖတ်တဲ့သူမျိုးလည်းရှိတယ်။ တချို့ဆို လတွေကြ။ တချို့ မေးလိုဖြေထားလည်း မဖတ်ကြပါ။

ဖြေရတဲ့သူက ခေါင်းရွက်ဗန်းထဲက အကြော်လို ရော့တခုလို့ ပေးရသလို လွယ်တာမဟုတ်။ တချို့မေးခွန်းတွေအတွက်တော့ ရေးထားပြီးရှိတယ်။ မရေးရသေးတာတွေဆိုရင် အကိုးအကားစာတွေ လိုက်ရှာရတယ်။ မှန်တာကို ဘယ်မှာရှာရမလဲက ပညာ။ တွေ့ရင် ဘာသာပြန်။ ဆေးသုတေသနတွေက ယူအက်စ်အမှာသာများတော့ မြန်မာပြည်နဲ့ ကိုက်ညီမှာကို ရွေးချယ်ရသေးတယ်။ လိုမယ်ထင် ကိုယ်ပိုင်အတွေ့အကြုံပါ ထည့်ရေးရသေးတာ။

ဒေါက်တာတင့်ဆွေ

Comments