အစာမျိုပြွန်ကင်ဆာ ဘာကြောင့်ဖြစ်ရသလဲ
မြန်မာလိုရေးနေကြတဲ့ စာတွေ အမျိုးမျိုး မကြာခဏ တွေ့တယ်။ မှန် မမှန် တင်ပြပါမယ်။
၂၀၁၆ ခုနှစ်က ယူအက်စ်အေမှာလုပ်ထားတဲ့ သုတေသနကို ကိုးကားမယ်။
အစားအသောက်၊ အာဟာရ၊ ကိုယ်လက်လှုပ်ရှားမှု နှင့် အစာမျိုပြွန် အဒီနိုကာစီနိုးမား (ကင်ဆာ)
အထောက်အထားခိုင်မာခြင်း
(က) ယုံကြည်ရလောက်သော
၁။ ဖြစ်နိုင်ခြေများစေသည့်အကြောင်း = ကိုယ်ခန္ခာဆီများခြင်း (အေ)
၂။ ဖြစ်နိုင်ခြေနည်းစေသည့်အကြောင်း = (၁) ဟင်းသီးဟင်းရွက်စားသောက်ခြင်း
(၂) ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း (ဘီ)
(ခ) ဖြစ်နိုင်လောက်သော = -
(၈) အကန့်အသန့်သာဖြစ်သော (သက်သေပြချက်မရှိ)
အစားအသောက်မှာ ဖိုက်ဘာ၊ အသီး၊ အနေီရာင်အား၊ ပြုပြင်စီမံထားသည့်အသား၊ အသားရိုးရိုး၊ ဝက်သား၊ အပူချိန်များသည့်သောက်စရာများ၊ အတူနေခြင်း၊ အရက်၊ ဗီတာမင်ဘီ-၆၊ ဗီတာမင်-အီး၊ အရပ်၊ စားသောက်ပုံပုံစံ၊ ဖြူဖွေးနေအောင်ချွတ်မထားသည့် အနှံများ၊ ကော်ဓါတ်ပါစားစရာများ၊ စသည်။
သိသာထင်ရှားသော အထောက်အထား - မတွေ့
(အေ) = BMI ခန္ဓာကိုယ်ထုထည် + ခါးလုံးပတ် + ခါး-တင် အချိုး
(ဘီ) Adenocarcinoma and squamous cell carcinoma ကင်ဆာအမျိုးအစားများ
မှတ်ချက် -
- "အစာမျိုပြွန်ကင်ဆာ ဘာကြောင့်ဖြစ်ရသလဲ ခိုင်မာတဲ့အကြောင်းခံ မတွေ့သေးပါ။"
- အပူချိန်များသောက်စရာတဲ့များထဲမှာ ရေနွေးပူပူ၊ ရေနွေးကြမ်းပူပူ၊ ကော်ဖီပူပူ၊ လက်ဖက်ရည်ပူပူ ၊ ဟင်းချိုပူပူ၊ ပဲဟင်းပူပူ၊ ချဉ်ရည်ပူပူ၊ စွပ်ပြုတ်ပူပူ စတာတွေပါတယ်။ အဲဒါတွေကြောင့် အစာမျိုပြွန်ကင်ဆာ မဖြစ်စေနိုင်။
- မြန်မာလိုရေးနေကြတဲ့ အစာမျိုပြွန်ကင်ဆာ ဘာကြောင့်ဖြစ်ရသလဲစာတွေ မှန်ပါ။ အထောက်အထား မရှိပါ။ ခြောက်လှန်တာသာဖြစ်တယ်။
- မမှန်တာနဲ့ မခြောက်ရ။ မှန်တာကိုလည်း လျှော့ပေါ့မရေးရ၊ မပြောရ။
- မြန်မာပြည်မှာ မြန်မာပြည်ကလူနာတွေကို သုတေသနပြုတာမျိုး ဘယ်ရောဂါအတွက်ဖြစ်စေ မရှိသလောက် ရှားတယ်။ အဲဒါကြောင့် အထောက်အထားနဲ့ပြောနိုင်တာလည်း ရှားတယ်။
- ဘာသာရပ်မျိုးစုံ သုတေသနလုပ်ငန်းတွေ ပြန်လည်ထွန်းကားလာပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment