ဖြေရမှာ နည်းနည်းတော့ ခက်တယ်

မဂ်လာပါဆရာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာလေးတွေကို မျှဝေပေးပါဦးခင်ဗျ ကျွန်တော်က လက်ဖက်ချဉ်စပ်ကို ထမင်းနဲ့နယ်စားလေ့ရှိပါတယ်ဆရာ နေ့တိုင်းနီးပါးပါပဲဆရာ လက်ဖက်ချဉ်စပ်က ကြာကြာစားလို့ရှိရင် ကင်ဆာဖြစ်စေနိုင်ပါလားဆရာ လက်ဖက်ချဉ်စပ်က ဓါတုဆေးဝါးတွေနဲ့ ပြုလုပ်ထားတာပါလားဆရာ ကျန်းမာရေးဗဟုသုတကလည်း အားနည်း၊ စိတ်ထဲလည်း ဇဝေဇဝါဖြစ်နေမိလို့ဆရာ့ကိုမေးကြည့်တာပါဆရာ နောက်တခုက ခရမ်းချဉ်သီးစားရင်အထဲကအစေ့တွေကိုဖယ်ပြီး အသားကိုပဲစားရတယ်ဆိုတာ ဟုတ်ပါသလားဆရာ အထဲက အစေ့တွေက စားပါများလာရင် အစာအိမ်ကိုထိခိုက်စေနိုင်တယ်ဆိုတာ ဟုတ်ပါသလာဆရာ လေးစားစွာဖြင့်

ဖြေရမှာ နည်းနည်းတော့ ခက်တယ်။ ဆရာဝန်က ဆေးသုနတသနအရသာ ကောင်းတယ် ဆိုးတယ် ပျောက်တယ် မပျောက် ပြောရတယ်။

မြန်မာပြည်မှာ ဆေးသုတေသနအပါအဝင် ဘာသာရပ်အစုံမှာ သုတေသနလုပ်ငန်းတွေ ခေါင်းမထောင်နိုင်တော့ပါ။ အဲတော့ ပြောရခက်တယ်။

အစားအစာ စိုက်ပျိုးနည်း၊ ခူးဆွတ်ထားသိုနည်း၊ ဆိုင်ပေါ်တင်နည်း၊ အိမ်မှာထားသိုနည်း၊ ချက်ပြုတ် ကြော်လှော်နည်းတွေကလည်း စံကိုက်မဟုတ်တာ များတယ်။ တယောက်တမျိုး။ 

ပိုဆိုးတာက အခုနောက်ပိုင်းနှစ်တွေမှာ အတုပအပက မျိုးစုံတယ်။ လူအများစုကလည်း အပြကောင်း၊ အပြောကောင်း၊ ကြော်ငြာကောင်းတာကိုသာ အဟုတ်ထင်ကြတယ်။ အဲဒါကလည်း ဘယ်အကြောင်းအရာမှာ မဆို။

လက်ဖက်ကို ချဉ်အောင်လုပ်နည်းတွေ သိသလောက် အမျိုးမျိုး။ ဓါတုဆေးပါနိုင်တယ်။ ဓါတုတိုင်းလည်း အန္တရာယ်ပေးတဲ့အထိ မဆိုးတာလည်း ရှိပါတယ်။

အစားအသောက်တွေအကြောင်း အများကြီး ရေးထားပါတယ်။ အားလုံး ဘလော့တွေမှာ တင်ထားတယ်။

လက်ဖက်ရွက်၊ လက်ဖက်ရည်အကြောင်းလည်း ရေးထားပြီးပြီ။ ကင်ဆာဖြစ်စေနိုင်တာတွေလည်း စာရင်းနဲ့တကွ ရေးတင်ထားတယ်။

အကြမ်းပြောရရင် 

- အက်ဖ်ဒီအေက တားမြစ်တာမရှိသေးသ၍တော့ ဝါးလုံးသိမ်း မကောင်းဘူး မပြောအပ်ပါ။

- ပညာရှင်မဟုတ်သူတွေကနေ ဖြဲခြောက်တိုင်းလည်း မကြောက်ပါနဲ့။

မေးခွန်းမေးသူ နောက်တခုကရေးတာ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ