Breast Cancer ဆရာဝန်ကတော့ မဖြေတတ်

ရင်သား အကျိတ် ခွဲထုတ်ထားတာ ၂ကြိမ်ရှိပြီ ၂၀၁၆မှာ တကြိမ် ၂၀၂၂/၆လပိုင်းမှာ တကြိမ်ခွဲရပါတယ်၂ကြိမ်လုံး အဆီကျိတ် အဖြေထွက်ပါတယ် အကျိတ်က ကျန်နေသေးတော့ ကျန်တဲ့အကျိတ်ကကင်ဆာ ကျိတ်များ ဖြစ်နိုင်လားရှင့် သိသူများ ဖြေကြားပေးပါရှင့် ကင်ဆာ ရောဂါဝေဒနာရှင်များ အနာနဲ့ဆေးတွေ့ပြီး သက်သာပျောက်ကင်းကြပါစေ

ဆရာဝန်ကို မေးတာ မဟုတ်။ ဆရာဝန်မဟုတ်သူ ၈ ယောက်ကတော့ ဖြေထားကြတယ်။

ကျွန်တော်က ဆရာဝန်။ ဖြစ်တဲ့သူ အသက်၊ ရာသီ၊ အိမ်ထောင်ရေးနဲ့ ဆေးစစ်ချက်တွေ မသိဘဲ မဖြေတတ်ပါ။

ရင်သားကင်ဆာဟုတ် မဟုတ်ကို -

ရောဂါဖြစ်စဉ်၊

မိသားစုရာဇဝင်၊

လက်နဲ့စမ်းသပ်ခြင်း၊

အာထွာဆောင်း သို့မဟုတ် မင်မိုဂရမ်တွေ နဲ့မှသာ သိနိုင်။

ထပ်လိုသူတွေကို ဘိုင်အော့ပ်စီ ခေါ် အသားစ စစ်ဆေးရသေးတယ်။

တချို့မှာ နောက်ထပ် စကန် စတဲ့ စစ်စရာတွေ ရှိနိုင်သေးတယ်။

ရမ်းမေးတာ ရမ်းဖြေတာတွေကို အားမပေးပါ။

တကြိမ်လို့ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ