Breast pain after weaning ကလေးနို့ဖြတ်ပြီး နို့တင်းတာသက်သာစေနည်း

(ကန်တော့)

ကလေးနို့သိပ်မစို့တော့အခဲအလုံးတွေဖြစ်ပြီးတအားတင်းနာတယ်ရေနွေးပူ ပူ နဲ့အုပ်လဲမရဘူးဘယ်လိုလုပ်ရမလေး ဂရုထဲကအကိုအမ တို့ရေပြောပြကြပါအုံးရှင့်

ဆရာဝန်ကို မေးတာတော့ မဟုတ်။ ဖြေပါမယ်။

အေးတာနဲ့ ကပ်ပေးပါ။ ပါရာစီတမော သို့မဟုတ် အိုင်ဘူပရိုဖင် တခုခု သောက်နိုင်တယ်။ နာတာ + ရောင်တာ သက်သာစေမယ်။ အတွင်းခံ အနေတော်တာဝတ်ပါ။

နာတဲ့အခါ နို့ကို နည်းနည်းသာ ၂-၃ မိနစ်ကြာ ညှစ်ထုတ်ပါ။ မများစေရ။ ခဏခဏလည်း မညှစ်ရ။

အများအားဖြင့် ၅-၁၀ ရက်နဲ့ သက်သာပျောက်ကင်းလာမယ်။

တနေရာရာမှာ အတင်းနာပြီးကိုက်လာရင် ရောင်ရမ်းခြင်းလား၊ နို့နာလား စဉ်းစားရမယ်။ လင့်ထဲကအတိုင်း ဆောင်ရွက်ပါ။

Mastitis and Breast Abscess နို့နာ https://dr-tint-swe.blogspot.com/2021/01/mastitis-and-breast-abscess.html

Weaning ကလေးကို နို့ဘယ်တော့ဖြတ်မလဲ https://dr-tint-swe.blogspot.com/2021/06/weaning.html

အောက်မှာ အကြံပေးတာလို ဗမာဆေး မသုံးပါနဲ့။ နို့နာဖြစ်ရင် သန့်ရှင်းရတာလည်း ခက်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ