Cancer-related appetite loss ကင်ဆာကြောင့် အစားပျက်ခြင်း

ဆရာဝန်ကိုမေးတာ မဟုတ်ပါ။ ဖြေပါမယ်။

ကင်ဆာကုသဆေးတွေကြောင့် အစားအသောက်ပျက်နိုင်တယ်။ အရသာပြောင်းနိုင်တယ်။ ခံတွင်း၊ လျှာ အနာကြောင့်ဖြစ်စေ ပျို့အန်လို့ဖြစ် ပိုဆိုးနိုင်တယ်။ ဆောရီး။

ဒါပေမဲ့ ရက်အများကြီးမကြာပါ။ တချို့ကတာ့ ဆေးကို့စ်ပြီးတဲ့အထိ မစားချင်မသောက်ချင်းဖြစ်ကြတယ်။

သတိထားဘို့က လိုအပ်တဲ့အာဟာရတန်ဖိုးပြည့်မီအောင် ကြိုးစားရမယ်။ ကြိုးစား စားသောက်ရပါမယ်။

တနေ့ ၂ နပ်စားနေသူ ၄-၅-၆ နပ်စားပါ။ ဆန်၊ ဂျုံ၊ ပြောင်းတွေနဲ့လုပ်တဲ့ ထမင်း၊ ခေါက်ဆွဲ၊ ပေါင်မုံ့ စတာတွေ မဖြစ်မနေ စားရမယ်။

အသား၊ ငါး၊ ဥ၊ ပဲ တမျိုးမျိုး နေ့စဉ်ပါပါစေ။

အသီးတမျိုးမျိုး နေ့စဉ်စားပါ။

နွားနို့ ကောင်းတယ်။

ရေ၊ အရည် များများ သောက်ပါ။

ဖေ့စ်ဘွတ်ကနေ ထင်ရာပေးကြတဲ့ အစားအစာနဲ့ ဖြည့်စွက်စာတွေထက် ဆရာဝန်ကညွှန်တာကိုသာ စားသုံးပါလေ။ ဆရာဝန်အမည်နဲ့ ဖြည့်စွက်စာရောင်းတာတွေကို လိုက်နာရန် မလိုအပ်ပါ။

ကန်စွန်းရိုးနီ၊ အုန်းစိမ်းရည်၊ မုန်လာဥနီ၊ ကိုင်းသီး၊ ငှက်သိုက် တခုမှ မလိုအပ်ပါ။

ရိုးရိုးဗီတာမင်အစုံပါ အားဆေး သောက်နိုင် ထိုးနိုင်တယ်။ ရိုးရိုးဆိုတာ ဗူးခွံလှတာ၊ ကြောငြာကောင်းတာ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ