Chemotherapy and Peripheral neuropathy ခီမိုသာရာပီ နှင့် အာရုံကြောထိခိုက်ခြင်း

ရင်သားကင်ဆာ ကီမိုဆေးသွင်းပြီးပါပြီ ဓာတ်ကင်ဖို့ အလှည့်စောင့်နေသူပါ တစ်နှစ်(တနှစ်)လောက် စောင့်ရမယ်ပြောပါတယ် (ခြေလက်ထုံကျင် ဝေဒနါကို သက်သာအောင် ဘယ်လိုနေထိုင်ရမလဲ သောက်စရာဆေးရှိသလား  တစ်နှစ်(တနှစ်)လောက်ထိ ထုံကျင်မယ်ပြောပါတယ်) ဟု(ဟုတ်)ပါသလား သိပါရစေ

ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ဖြေပါမယ်။

Chemotherapy drugs ခီမိုသာရာပီဆေးတချို့ကြောင့် အာရုံကြောတွေထိခိုက်စေနိုင်တယ်။ Peripheral neuropathy လို့ ခေါ်တယ်။ ထုံနေမယ်။ ကျဉ်နေမယ်။ pins and needles အပ်နဲ့ထိုးခံရသလိုနေမယ်။ ခြေထောက်ကြွက်သားတွေ အားနည်းမယ်။ ဆောရီး။

တချို့ လတွေအထိကြာမယ်။ တချို့ မပျောက်တော့ပါ။ ဆောရီး။

ဘယ်လိုဂရုစိုက်မလဲ

သွားလာလှုပ်ရှားတိုင်း သတိထားပါ။ လဲကျနိုင်တယ်။

သာမန်ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကနေ သက်သာစေနိုင်တယ်။

လက်အိတ်၊ ခြေအိတ်သုံးပါ။

ရေပူ ရေအေးကို မသုံးမီ အပူချိန်သိဘို့ တံတောင်ဆစ်နဲ့ အရင်စမ်းပါ။

အဝတ်အစား တင်းကျပ်တာ မဝတ်ပါနဲ့။ သိပ်ချောင်တဲ့ဖိနပ် မစီးပါနဲ့။

ကြမ်းခင်း ကော်ဇာတွေ ခလုတ်မတိုက်မအောင် မချော်အောင် ပြင်တင်ထားပါ။

ရိုးရိုးဗီတာမင်ဘီအုပ်စု အားဆေး သောက်နိုင်တယ်။ ရိုးရိုးဆိုတာ ကြော်ငြာကောင်းကို ပြောတာ မဟုတ်။

 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ