Cimetidine ဆေး



ကနေ့ ဒေါ်မြမြအေး အိမ်ပြင်ထွက်တော့ မြန်မာပြည်ကလာသူ အမျိုးသမီးတဦးနဲ့တွေ့တယ်။ အဲဒီတယောက်က အလာဂျီ ခေါ် တခုခုနဲ့ မတည့်တာဖြစ်နေတာ ကြာပြီတဲ့။ အများသုံးတဲ့ အလာဂျီဆေးတွေသောက်တော့ ဖြစ်လိုက်ပျောက်လိုက်နေလို့ အခုတခါ Cimetidine ဆေးသောက်တော့ သက်သာနေပါသတဲ့။

Cimetidine ဆေးကို အများဆုံးသုံးတာက 

• heartburn associated with acid indigestion and sour stomach အအိမ်အက်စစ်များလို့ ရင်ပူခြင်း၊

• gastroesophageal reflux disease (GERD) အစာခြေရည်အထက်ဆန်ခြင်း၊

• Zollinger-Ellison syndrome ရောဂါတွေအတွက် ဖြစ်တယ်။

H2 blockers အမျိုးအစားဆေးဖြစ်တယ်။ အစာအိမ်ထဲက အက်စစ်ဓါတ်ကို ပျယ်စေ နည်းစေမယ်။ တနေ့မှာ ညတပြား၊ သို့မဟုတ် တနေ့ ၂-၄ ကြိမ်အထိ ပေးတယ်။ အစာနဲ့ သောက်သင့်တယ်။ heartburn ခေါ် ရင်ပူသူတွေက အစာမစားမီ နာရီဝက်ကြိုတင် သောက်ရမယ်။

တခြားအသုံးလည်း ရှိတယ်။

• hives and itching အလာဂျီရတာအတွက် ပေးတယ်။

• stress ulcers စိတ်ဖိအားကြောင့်လေနာဖြစ်တာအတွက်လည်း ပေးတယ်။

• viral warts ကြွက်နို့၊

• aspiration pneumonia မေ့ဆေးမပေးမီ အစာအိမ်ထဲကအရည်တွေ အထက်ဆန်ပြီး အသက်ရှူလမ်းရောက်မှာကို ကာကွယ်ဘို့လည်း ပေးတယ်။

Antihistamine ခေါ် အလာဂျီဆေးတွေကတော့ Cetirizine, Claritin, Zyrtec, Benadryly, Loratadine, Diphenhydramine HCl စတာတွေဖြစ်တယ်။ မြန်မာပြည်မှာ Burmeton လို ဆေးတွေ။ ဆေးမျိုးဆက်တော့ ကွာတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ