Covid-19 Prevention ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း

ကိုဗစ်ကူးစက်မှု ပြန်များလာ၊ ငါးရက်အတွင်း အတည်ပြုလူနာ ၁၄၀ နီးပါးရှိ (၂၃-၄-၃၀၂၃)

၁။ ဖြစ်နိုင်သလောက် အိမ်မှာသာနေပါ

၂။ အိပ်ပြင်ထွက်ရတိုင်း နှာခေါင်းစည်းသုံးပါ။

၃။ လူတဦးနဲ့တဦး ၆ ပေအကွာမှာသာ စိတ်ချရတယ်။ 

၄။ တခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို စက္ကန့် ၂၀ ကြာဆေးပါ (ဆပ်ပြာနဲ့ ရေသုံးပါ။ အရေးပေါ်အတွက်သာ Sanitizer လက်ဆေးရည် သုံးပါ)

၅။ တံတောင်ဆစ်ထဲမှာ ချောင်းဆိုး နှာချေပါ (တသက်လုံး အဲဒီအကျင့် လုပ်ပါ)

၆။ မျက်စိ နှာခေါင်းပါးစပ်ကို လက်မဆေးပဲ မထိ မကိုင်ပါနဲ့။

၇။ နေမကောင်းသူတွေနဲ့ ထိကပ်မှု မလုပ်ပါနဲ့။

၈။ အိမ် ရုံး အလုပ်နေရာတွေမှာရှိတဲ့ မျက်နှာပြင်တွေနဲ့ လက်ကိုင်တတ်တဲ့နေရာတွေကို Lyzol လိုက်ဇော ဆေးရည်နဲ့ သန့်ရှင်းပေးနေပါ။

၉။ ကာကွယ်ဆေး ထိုးပါ။

၁၀။ အစားရှောင်ရန် မလို။ ထူးပြီးစားရန် မလို။ ဆေးတမျိုးမှ မလို။

ကာကွယ်ဆေးထိုးသူတွေလည်း ဒီအချက်တွေအားလုံး လိုက်နာရမယ်။ ကပ်ရောဂါဘေးက ဝေးကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ