Do Not Send (3) လိင်အင်္ဂါပုံတွေ မပို့ပါရန်

(ကန်တော့)

ကန်တော့ဆရာ အသက်က ၂၅ပါ လိင်တံထိပ်အ၀မှာ ဘာဖြစ်တာလည်း မသိလို့ဗျ ဆီးလမ်းကြောင်း အထူးကုနဲ့ ပြတော့ ဘာမှ မဖြစ်ဘူးပြေား(ပြော)တယ်ဆရာ ဒီနေ့ ဆောင်းပါးလေး ဖက်(ဖတ်)တော့ Chlamydia ဖြစ်ရင် ဆီးထွက်အပေါက်မှာ နီရဲးနေတတ်တယ်ဖတ်မိလို့ဆရာ သေချာလေးကြည့်ပေးပါအုံး ဆရာ ကျွန်တော ဘာဆက်လုပ်ရမှန်း မသိတော့ဘူး သူက ဆီးပိုးမမွေးစေချင်ဘူး ပက်စံ(ပိုက်ဆံ) ကုန်တာပဲး(ပဲ) အဖတ်တင်မယ် လို့ ပြေား(ပြော)တယ်ဆရာ သူပေးတဲ့ ပိုးသက်ဆေးပဲး(ပိုးသတ်ဆေးပဲ) ဆက်သောက်ရမလား ဆရာ

ညတုန်းက ထပ်ရေးပြီး တင်ထားသေးတယ်။ ပုံတွေကို လိုအပ်လို့ ပြပါရန်ဆိုမှသာ ပို့ရမယ်။ အဲလို လိင်အင်္ဂါပုံကို မပို့သင့်ပါ။

ရောဂါဆိုတာ စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်သာ သူ့လူနာအခြေအနေကို ပိုသိပါမယ်။ ရောဂါအမည်သေချာရင်တော့ တခြားဆရာဝန်တွေ ရေးထာတာကို ဖတ်နိုင်တယ်။

ဆေးပညာဖြစ်ဖြစ်၊ ဘာသာတရားဖြစ်ဖြစ်၊ သတင်းဖြစ်ဖြစ် တွေ့ကရာ မဖတ်သင့်။ ဆေးနဲ့ ကျန်းမာရေးမှာလည်း ဆရာဝန်အမည်တပ်ပြီး ဈေးရောင်းနေတာတွေရှိတယ်။ တင်တဲ့သူက ယူအက်စ်အေလို့ ရေးထားတိုင်းလည်း လူရော အကြောင်းအချက်ပါ မှန်ချင်မှ မှန်မယ်။

ကျားဖြစ်ဖြစ် မ ဖြစ်ဖြစ် လိင်အင်္ဂါပုံတွေ မပို့ပါနဲ့။

ဖြေပြီးပြီ။ ပြောဦးမယ်။ ပိုးသတ်ဆေးလို့ ရေးရ။ သက်ဆိုတာ ဆင်းသက်သည်။ ခါးသက်သက်။ ပိုက်ဆံလို့ ရေးရ။ ဟင်ဒီစကား ပိုက်ဆားကနေလာတာ။ ဖတ်လို့ ရေးရ။ စာဖတ်သည်၊ နိမိတ်ဖတ်သည်။ ဖက်ဆိုတာ မိခင်က ကလေးကို ဖက်ထားသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ