Guaifenesin TG syrup အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေး သတိပေးချက်

WHO ကနေ ထုတ်ပြန်ပါတယ်။ ဒီချောင်းဆိုးပျောက်ဆေးထဲမှာ မသင့်တာတွေ ပါနေတယ်။ Marshall Islands နဲ့ Micronesia မှာဆေးနမူနာတွေ တွေ့ရှိလို့ ထုတ်ပြန်တာဖြစ်တယ်။

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာရှိတဲ့ QP Pharmachem Ltd ကနေ ထုတ်တာ။ diethylene glycol နဲ့ ethylene glycol ဓါတ်တွေ ခွင့်ပြုသင့်တာထက် ပိုပါနေပါသတဲ့။ ဆေးသောက်သူတချို့ သေစေနိုင်တဲ့အထိ အဆိပ်ဖြစ်နိုင်တယ်။

အရင်ကလည်း WHO က Gambia နဲ့ Uzbekistan မှာ ကလေး ၆၆ ယောက်သေဆုံးမှုအတွက် ထုတ်ပြန်ထားပြီး ဖြစ်တယ်။

ကမော္ဘဒီယားကို ဆေး 18,346 ပုလင်းပို့ထားတယ်။ မြန်မာပြည် မသိပါ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ