High Creatinine Levels ခရေယတနင်းဓါတ်များတာ မကောင်းပါ

အဖေကို CT scan ရိုက်ဖို့ creatinine စစ်ခိုင်းတာ 244 ထိ အရမ်းမြင့်နေလို့ပါ ဆေးရုံကရိုက်လို့မရသေးဖူးပြောတယ်ရှင့် CT scan ရိုက်လို့ရမှ ကျန်တဲ့အဆင့်တွေ ဆက်လုပ်လို့ရမှာမို့ပါ Creatinine ကျအောင် ပြနေကြ(ပြနေကျ) ဆရာဝန်ဆီ ပြခိုင်းထားတယ်ရှင့်။ ပြနေကြ(ပြနေကျ) ဆရာဝန်ကလည်း Monday မှပြလို့ရမှာမို့ပါ Creatinine ကျ‌အောင် အစားအသောက် ဆောင်ရန်ရှောင်ရန်လေးတွေ မျှဝေပေးကြပါအုံးနော်

ဆရာဝန်ကိုမေးတာ မဟုတ်ပါ။ ဖြေပါမယ်။ 

Normal creatinine level by age ခရေယတနင်းဓါတ်ကို စစ်ဆေးရင် ပုံမှန် 

Enzymatic creatinine Jaffe creatinine

Age group mg/dL micromol/L

5 to <12 years 0.31 to 0.61 39 to 57

12 to <15 years 0.45 to 0.81 46 to 61

15 to 19 years (male) 0.62 to 1.08 50 to 71 ရှိရမယ်။

Causes High Creatinine Levels များတာ မကောင်းပါ။ ဘာကြောင့် များသလဲ

1. Kidney failure, both acute or chronic ကျောက်ကပ်အလုပ်မနိုင်တော့ခြင်း

2. Kidney obstruction ကျောက်ကပ်လမ်းပိတ်ဆို့နေခြင်း

3. Kidney infection ကျောက်ကပ်ပိုးဝင်ခြင်း

4. Urinary tract obstruction ဆီးလမ်းပိတ်ဆို့နေခြင်း

5. Very high protein consumption ပရိုတင်းဓါတန် အစားများခြင်း

6. Intense exercise that has damaged the muscles လှုပ်ရှားမှုလွန်ကဲရာကနေ ကြွက်သားတွေ ပျက်စီးခြင်း

7. Heart disease နှလုံးရောဂါ

8. Diabetes ဆီးချိုရောဂါ

9. High blood pressure သွေးတိုးရောဂါနဲ့

10. Medications တချို့ဆေးတွေကြောင့် ဖြစ်တယ်။

How to treat high creatinine levels in the body ဘယ်လိုကုသမလဲ

1. ခရေယတနင်းဓါတ် များစေတဲ့အကြောင်းခံအရ ကုသရမယ်။

2. တချို့လူနာတွေကို ဆေးနဲ့ကုသမယ်။

3. ရေ အရည် များများသောက်သင့်တယ်။

4. ဆိုဒီယမ် ခေါ် ဆားလျှော့ရမယ်။ ပရိုတင်း (အသား၊ ငါး၊ ဥ၊ ပဲ) လျှော့စားရမယ်။

5. ယူရစ်အက်စ်များတဲ့အစားအသောက်တွေ လျှော့ရမယ်။

6. Dialysis လိုအပ်သူတွေကို ကျောက်ကပ်ဆေးပေးမယ်။

7. Kidney transplant တကယ်လိုသူတွေကို ကျောက်ကပ်အစားထိုးပေးမယ်။

• ကွန်မင့်တွေက အမှားတွေ။ ဆောရီး။ 

• တကယ်မသိဘဲ အကြံမပေးသင့်ပါ။ 

• ဖေ့စ်ဘွတ်မှာ ရေးသမျှကို အဟုတ်မထင်ပါနဲ့။ 

• ဆေး၊ ဓါတ်စာ၊ ဖြည့်စွက် ရောင်းသူတွေက ဈေးရောင်းနေရာတွေမှာသာ ရောင်းချကြပါ။

• စေတနာနဲ့ အကြံပေးတာဖြစ်ကောင်း ဖြစ်ပါမယ်။ စေတနာမှာ ပညာမပါရင် ဒုက္ခပိုရောက်စေတယ်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ